Categories: Celebrity News

ခေတ်အဆက်ဆက် ကိုရီးယား ဒရမ်မာတွေထဲက ကြွေချင်စရာ Second Lead မင်းသားများ အပိုင်း (၂)

ကိုရီးယားဇာတ်လမ်းတွေထဲက ဂရုဏာသက်ချင်စရာ ကြွေချင်စရာ Second lead မင်းသားတွေကိုစုစည်းတင်ပြလိုက်ပါတယ်။

၁။ Cheese in the trap (2016)


Cheese in the trap ဇာတ်လမ်းတွဲလေးက နာမည်ကြီးတဲ့ဇာတ်လမ်းတွဲထဲတော့ မပါပေမယ့် Kim Go Eun နဲ့ Park Hae Jin တို့ပါဝင်ထားတဲ့ ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းကိုကြည့်ဖူးတဲ့ပရိတ်သတ်တွေရှိရင် Yoo Jung(Park Hae Jin) ကိုရွေးချယ်ခဲ့တဲ့ Hong Seol (Kim Go Eun) ကိုအားမလို အားမရအပြစ်တင်ကြဖူးမယ်ထင်ပါတယ်။

Baek In Ho (Seo Kang Joon) လိုHong Seol အပေါ်လည်း ဂရုစိုက်မေတ္တာရှိပြီး နွေးထွေးတဲ့သူကိုတော့ Friend-zone ထဲထည့်ခဲ့ပြီး ဘာလို့ အေးတိအေးစက်ပုံစံနဲ့ Yoo Jung ကိုရွေးချယ်ခဲ့လဲဆိုတာကို ပရိတ်သတ်တွေလည်း နားကိုမလည်နိုင်ပါဘူးတဲ့။

၂။ She Was Pretty (2015)


ဒီဇာတ်လမ်းအကျဉ်းလေးကတော့ Ji Sung Joon (Park Seo Joon) နဲ့ Kim Hye Jin (Hwang Jung Eum) တို့နှစ်ယောက်က ငယ်ငယ်ကတည်းကရင်းနှိးခဲ့ကြသူတွေပါ။

ကြီးလာတော့ အခြားတစ်နေရာမှာပြန်ဆုံကြတဲ့အခါ Hye Jin မှန်းတောင်မမှတ်မိတဲ့ Sung Joon ကိုရွေးချယ်ပြီး သူမဘာတွေပဲဖြစ်ဖြစ်အမြဲဘေးနားက ဖေးမပေးခဲ့တဲ့ Kim Shin Hyuk (Choi Siwon) ကိုဘာလို့ထားခဲ့လဲဆိုတာတော့ ဝေခွဲမရစရာပါပဲ။

၃။ Reply 1988 (2015)


၁၉၈၈ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံရဲ့ခေတ်တစ်စွန်းတစ်စကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပြီးတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးရဲ့ ရှုပ်ထွေးတဲ့အချစ်ခံစားချက်တွေကိုပါ ပုံဖော်ပေးခဲ့တဲ့ ဇာတ်လမ်းလေးပါ။

Sung Deok Sun (Lee Hyeri) တစ်ယောက် သူမရဲ့ငယ်သူငယ်ချင်း Jung Hwan (Ryu Jun Yeol) ရဲ့အချစ်တွေကိုမမြင်ခဲ့ပဲ နောက်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ Choi Taek (Park Bo Gum) နဲ့တင့်တင်တယ်တယ်တွဲနေတော့လည်း Choi Taek အတွက်ပျော်ရတာတစ်မျိုး Jung Hwan အတွက် ယူကြုံးမရဖြစ်ရတာတစ်မျိုးနဲ့ ရင်ထဲနင့်နေတဲ့ ခံစားချက်မျိုး ဇာတ်လမ်းကြည့်သူတိုင်း ခံစားခဲ့ဖူးကြမှာပါ။

Jung Hwan ကိုပိုပြီး ဂရုဏာသက်ရမယ့်တစ်ချက်က သူကြိုးစားချင်ကြိုးစားခွင့်ရှိခဲ့ပေမယ့် Taek အတွက်ပါထည့်စဉ်းစားပြီး နောင်ဆုတ်ပေးခဲ့တာပါ။

၄။ Crash Landing On You (2020)


ဗိုလ်ကြီးကားထဲမှာ Captain Ri နဲ့ Se Ri တို့ရဲ့အချစ်ကခမ်းနားသလိုပဲ နောက်ထပ်ကြီးကျယ်ခမ်းနားတဲ့အချစ်ကိုဖော်ညွှန်းခဲ့တဲ့သူ နှစ်ဦးလည်းရှိပါတယ်။ သူတို့ကတော့ Seung Joon (Kim Jung Hyun) နဲ့ မြောက်ကိုရီးယားလူချမ်းသာမလေး Seo Dan (Seo Jihye) တို့ပါ။

ခေါင်းဆောင်မင်းသားမင်းသမီးနှစ်ဦးနဲ့ ပက်သတ်ဆက်နွယ်မှုတွေကို ဂရုမစိုက်ပဲ နက်နက်နဲနဲချစ်ခဲ့ကြပေမယ့် ကံကြမ္မာက မျက်နှာသာမပေးလို့ သေကွဲကွဲခဲ့ရတဲ့သူတို့အဖြစ်ကိုတော့ ပရိတ်သတ်တွေအခုထိတောင်ပြောလို့မဆုံးပါဘူး။

၅။ The King: Eternal Monarch (2020)


Second lead တွေအကြောင်းပြောရင် ဘုရင်ကြီးရဲ့သက်တော်စောင့် ကိုလည်းချန်ခဲ့လို့မဖြစ်ပါဘူးနော်။ The King ဇာတ်လမ်းတွဲက Lee Min Ho ရဲ့စစ်မှုထမ်းပြီးပထမဆုံးဇာတ်လမ်းတွဲဖြစ်တာကြောင့် Lee Min Ho အပေါ်အာရုံစိုက်မှုများပြားခဲ့ပေမယ့် ဇာတ်လမ်းထွက်လာပြီးနောက်မှာတော့ Woo Do Hwan ရဲ့ ဇာတ်လမ်းဇာတ်ကွက်ပိုင်နိုင်မှုတွေကိုပါ ပရိတ်သတ်တွေအာရုံစိုက်လာကြပါတယ်။

သူ့ရဲ့ character နှစ်မျိုးကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့ပြီး Lee Gon (Lee Min Ho) နဲ့လည်းအချိတ်အဆက်မိမိသရုပ်ဆောင်နိုင်ခဲ့လို့ ပရိတ်သတ်တွေချီးကျူးခဲ့ရတဲ့ ဇာတ်ကောင်တစ်ခုပါ။

Source : Cosmopolitan philippines
Written : Helra

Share