Categories: Celebrity News

သူငယ်ချင်းကိုအားပေးဖို့ အကြောင်းပြုပြီး movie date ခဲ့ကြတဲ့ Lee Byung Hoon တို့ဇနီးမောင်နှံ

စူပါမင်းသား Lee Byung Hoon နဲ့ သူ့ရဲ့ဇနီးသည် မင်းသမီး Lee Min Jung တို့ကတော့ အနုပညာမှာလဲ အသီးသီးအောင်မြင်ကြသလို အိမ်ထောင်ရေးမှာလဲ ပျော်ရွှင်စရာအတိပါပဲ။ သူတို့ရဲ့ချစ်စရာဆက်ဆံရေးကို ချပြဖို့ ဝန်မလေးတတ်တဲ့ ဒီစုံတွဲဟာ မကြာသေးခင်ကလဲ သူငယ်ချင်းကိုအားပေးဖို့ အကြောင်းပြုပြီး နှစ်ယောက်သား ရုပ်ရှင်အတူကြည့်ခဲ့ပါသေးတယ်။

ဇူလိုင်လ ၃၀ ရက်နေ့မှာတော့ လတ်တလော ရုံတင်ပြသနေတဲ့ Train to Busan ရဲ့ နောက်ဆက်တွဲ ‘Perninsula’ ရုပ်ရှင်မှာ ပါဝင်ထားတဲ့ မင်းသမီး Lee Jung Hyun ကသူ့ရဲ့ screening party ကို တက်ရောက်​ပေးတဲ့ အနုပညာရှင်သူငယ်ချင်းတွေကို ကျေးဇူးတင်ကြောင်း instagram post တစ်ခုတင်ခဲ့ပြီး တက်ရောက်ခဲ့တဲ့အနုပညာရှင်တွေထဲမှာ Lee Byung Hoon တို့ဇနီးမောင်နှံလဲ ပါဝင်ခဲ့တာပါ။

အခြားအနုပညာရှင်တွေဖြစ်တဲ့တဲ့ 2NE1 အဖွဲ့ဝင် သရုပ်ဆောင် Dara, အဆိုတော် Se7en, T-ara အဖွဲ့ဝင် Hyomin အစရှိတဲ့ လူနည်းစုသာ တက်ရောက်ခဲ့တဲ့ screening party ဖြစ်တာကြောင့် ရုပ်ရှင်ရုံတွေမှာ date ဖို့မလွယ်တဲ့ နာမည်ကျော်ဇနီးမောင်နှံဟာ ဒီအခွင့်အရေးကိုအသုံးချပြီး ပျော်စရာအချိန်လေးကို ရုပ်ရှင်ကြည့်ပြီး ကုန်ဆုံးခဲ့ပုံပါပဲနော်။

Source : Allkpop
Written : Dar Dar

Share