Categories: Celebrity News

Tiffany မွေးနေ့ပွဲနှင့် Girls’ Generation အဖွဲ့ ၁၃နှစ်ပြည့်အတွက် ညီအစ်မတွေဆုံကြစဉ်

Girls’ Generation အဖွဲ့ဝင်တွေဟာ Tiffany ရဲ့မွေးနေ့ပွဲအတွက် ခမ်းခမ်းနားနား party တစ်ခုကျင်းပခဲ့ကြပါတယ်။ မွေးနေ့အပြင် Girls’ Generation အဖွဲ့သက်တမ်း ၁၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲကိုပါ တခါတည်းကျင်းပခဲ့ကြပါတယ်။

Tiffany ရဲ့မွေးနေ့ကတော့ သြဂုတ်လ ၁ရက်နေ့ဖြစ်ပြီး သူမရဲ့ သူငယ်ချင်းများနှင့် Girls’ Generation အဖွဲ့ဝင်တွေက ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

မွေးနေ့ပွဲကိုတော့ Girls’ Generation အဖွဲ့ဝင်များ၊ SISTAR အဖွဲ့ဝင် Bora, Secret အဖွဲ့ဝင်ဟောင်း Hyosung နှင့်အခြား အနုပညာရှင်များက တက်ရောက်ခဲ့ ကြပါတယ်။

သြဂုတ်လ ၅ ရက်နေ့မှာဆိုရင်လည်း Girls’ Generation အဖွဲ့၏ ၁၃နှစ်ပြည့် အထိမ်းအမှတ်လည်း ရှိတဲ့အတွက် သူတို့တွေက အခုလိုပါတီကို တစ်ခမ်းတစ်နား ကျင်းပခဲ့ကြတာပါ။

Tiffany ရဲ့ Instagram မှာလည်း မွေးနေ့ပွဲဆင်နွှဲနေတဲ့ ဓာတ်ပုံများနှင့် စည်းကားနေခဲ့ပါတယ်။ အဖွဲ့ဝင်တွေရဲ့ IG မှာလည်း Tiffany နှင့်ပက်သက်ပြီး ဆုတောင်းစကားတွေပြည့်နေခဲ့ပါတယ်။

Seohyun ကလည်း Tiffany နှင့်ပုံကိုတင်ခဲ့ပြီး ” ကြိုးစားပြီး အမြဲကြည့်ကောင်းနေတတ်တဲ့ သူတစ်ယောက်။ လူတိုင်းကို စိတ်ရင်းနဲ့ဆက်ဆံပြီး ပြုံးနေရင်အရမ်းလည်းအရမ်းလှတဲ့သူတစ်ယောက်။

နှလုံးသားကလည်း လှတဲ့သူပါ။ ညမရဲ့ဘေးနားမှာ အမြဲရှိနေပေးလို့ကျေးဇူးတင်ပါတယ်။ Love u sis ” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းနှင့်အတူ Tiffany နဲ့သူမနဲ့ကြားက အချစ်တွေကို ပရိတ်သတ်တွေသိအောင်ပြောပြပေးထားတာပါ။

Girls’ Generation အဖွဲ့ဝင်တွေဟာဆိုရင် စည်းလုံးပြီး၊ တစ်ဦးနှင့်တစ်ဦး သွေးသားရင်းချာကဲ့သို့ ဆက်ဆံရေးရှိသူတွေဆိုပြီး နာမည်ကြီးပါတယ်။

အခုလည်း ညီအစ်မတွေ Tiffany ရဲ့မွေးနေ့မှာ ပျော်ပျော်ပါးပါးစုံစည်းနေကြတာကို မြင်ရတော့ ပရိတ်သတ်တွေကတော့ သဘောကျနေကြပါတယ်။ Debut လုပ်တာလည်း အခုဆိုရင် ၁၃ နှစ်တောင်ရှိခဲ့ပါပြီ။

ဒီလောက်အချိန်အကြာကြီး လက်တွဲလာနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ခရီးတော့မဟုတ်ခဲ့လောက်ပါဘူး။ ၁၃ နှစ်မှစ၍ နောက်နှစ်တွေအများကြီးတိုင် အောင်မြင်မှုတွေကို ဆက်လက်ရရှိနေတဲ့ Girls’ Generation အဖွဲ့ဖြစ်ပါစေလို့ Myanmar Cele Bar မှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share