Categories: Celebrity News

Running Man တူတူရိုက်ကူးပြီးနောက်မှာ MAMAMOO’s Solar အတွက်လက်ဆောင်ဝယ်ပေးခဲ့တဲ့ Song Ji Hyo

ဩဂုတ်လ ၂ ရက်နေ့ထုတ်လွှင့်တဲ့ Find My Family အပိုင်းမှာ Solar က Jessi, Somi, Lee Young Ji တို့နဲ့အတူ ဧည့်သည်အဖြစ်ပါဝင်ခဲ့ပါတယ်။ အခုဆက်ဖော်ပြမယ့်အကြောင်းအရာက ဒီအပိုင်းအတွက် spoiler ပါပါတယ်နော်။

ဒီအပိုင်းမှာ Solar ၊JiHyo နဲ့ Jun So Min တို့သုံးယောက်သားက မိန်းကလေးတွေချည်းပဲတစ်ဖွဲ့ပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ သူတို့အဖွဲ့က Mission တွေအကုန်ရှုံးပြီး အမှတ်က -၁၀ ဖြစ်သွားပါတယ်။

ဒါပေမယ် solar ကသူမရဲ့ကိုယ်ပိုင်အမှတ် ၇၀ ကိုအသင်းထဲပေါင်းပေးခဲ့တာကြာင့် နောက်ဆုံးမှာတော့ သူမတို့သုံးဦးအနိုင်ရရှိခဲ့ပါတယ်။ အဲဒီအတွက် solar ပေးဆပ်လိုက်ရတာကတော့ သူမရထားတဲ့ sound bar တစ်ခုပါ။

Sound bar ကသုံးရလွယ်ကူပြီး နေရာယူသက်သာတဲ့ quality အကောင်းစား speaker တစ်မျိုးပါ။ မကြာသေးခင်က သူမရဲ့ YouTube account မှာ sound bar လေးတစ်ခုနဲ့အတူဓာတ်ပုံတင်ပြီး ပရိတ်သတ်တွေကို surprise တိုက်ခဲ့ပါတယ်။

အဲ့ဒီ Soundbar က jihyo လက်ဆောင်ပို့ပေးလိုက်တာပါတဲ့။ “Jihyo ကလက်ဆောင်ပေးတာပါ။ အေဂျင်စီကိုတောင်တိက်ရိုက်ပို့ပေးလိုက်တာဆိုတော့ ပြန်ပေးလိုက်ရတဲ့ soundbar အတွက်သေသေချာချာစဉ်းစားပြီးပို့ပေးလိုက်ပုံပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်။ရိုက်ကူးရေးမှာလည်းပျော်ခဲ့ရပါတယ်။” လို့ရေးသားခဲ့ပါတယ်။

ဒီလိုမျိုးကိုယ်တိုင်ကိုယ်ကျ soundbar ပြန်ဝယ်ပြီး ဧည့်သည်အတွက် လက်ဆောင်ပြန်ပေးပေးတဲ့Jihyo ရဲ့စိတ်ထားလေးကတော့ Running man တစ်ဖွဲ့သားလုံးအတွက်နာမည်ရစရာပါပဲနော်။ Song Jihyo ရဲ့ Running Man အပေါ် စဉ်းစားပေးတတ်တဲ့စိတ်ထားလေးက ပရိတ်သတ်တွေအတွက်အားတက်စရာပါပဲ။

Source : Soompi
Written : Helra

Share