Categories: Celebrity News

အချစ်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်တဲ့ Kim Bora နဲ့ Jo Byeong Gyu

Sky Castle ဇာတ်လမ်းတွဲကို အတူရိုက်ကူးရင်း သံယောစဉ်တွယ်ကာ ချစ်ကြိုက်သွားခဲ့ကြတဲ့ မင်းသမီးလေး Kim Bora နဲ့ မင်းသားလေး Jo Byeong Gyu ကတော့ တစ်နှစ်ကျော်ကြာမြင်ခဲ့တဲ့ အချစ်ခရီးလမ်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အေဂျင်စီတွေကနေတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီလက သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေပြီလို့ အတည်ပြုပြီးနောက် ၂၀၂၀ ဩဂုတ်လ ၃ ရက်နေ့မှာပဲ သူတို့နှစ်ဦးလမ်းခွဲပြတ်စဲလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာပါ။

ဒီသတင်းတွေ ထွက်လာအပြီးမှာတော့ Kim Bora ရဲ့ အေဂျင်စီဖြစ်တဲ့ MoMent Global ကနေ ‘သူတို့နှစ်ဦးဟာ သဘာဝကျကျပဲ ဝေးကွာသွားပြီး လမ်းခွဲခဲ့တာပါ။

အခုတော့ နှစ်ဖက်စလုံး အခြေအနေကောင်းမွန်ပါတယ်’ လို့ ထုတ်ပြန်ခဲ့ပြီး Jo Byeong Gyu ရဲ့ အေဂျင်စီကလဲ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။ လမ်းခွဲရခြင်းအကြောင်းကတော့ မအားလပ်ကြတဲ့ အလုပ်အချိန်ဇယားတွေကြောင့်ပါတဲ့။

Jo Byeomg Gyu ဟာ Stove League မှာ ပါဝင်ခဲ့ပြီးနောက် နောက်ထပ် drama အသစ်အနေနဲ့ OCN ရဲ့ drama သစ်မှာပါဝင်ဖို့ရှိပြီး Kim Bora ကလဲ Touch ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခဲ့ပြီးနောက် MBC ရဲ့ ‘SF8 Project’ မှာ ပါဝင်သွားဖို့ရှိတာကြောင့် သူတို့နှစ်ဦးလုံးရဲ့ ရှေ့ဆက်အနုပညာ လှုပ်ရှားမှုတွေကို အားပေးကြဖို့ မျှော်လင့်ပါတယ်။

Source : Soompi
Written : Dar Dar

Share