Categories: Celebrity News

ပရိတ်သတ်တွေကို တောင်းပန်ရင်းနဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်သွားမဲ့ Park Yoo Chun

TVXQ နှင့် JYJ တို့ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Park Yoo Chun ဟာအနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်ဆိုပြီး လူထုကိုအသိပေးလိုက်ချိန်မှာတော့ အငြင်းပွားစရာ ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။

သူဟာ ဒရပ်သုံးစွဲမှု၊ မိန်းကလေးကိစ္စ၊ လူထုအပေါ်လိမ်လည်မှု စတာတွေလုပ်ခဲ့တယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဒါ့ကြောင့်မို့ပဲ ၂၀၁၉ ခုနှစ်မှာ အနုပညာလောကမှ တရားဝင်အနားယူသွားပြီဆိုပြီး ထုတ်ပြန်ခဲ့တာပါ။

သို့ပင်မဲ့ ယခု ၂၀၂ဝခုနှစ်မှာတော့ သူဟာပရိတ်သတ်တွေဆီကို အနုပညာလက်ရာအသစ်တွေနဲ့ ပြန်လာတော့မယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။ သူပြောထားတာကတော့ ” Park Yoo Chun ကိုစောင့်နေကြတဲ့ ပရိတ်သတ်တွေ အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Park Yoo Chun ဟာ Album အသစ်တစ်ခု ထွက်ရှိမှာပဲ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ Album အတွက်ပြင်ဆင်မှုတွေလုပ်နေပြီး မကြာခင်မှာတော့ ပရိတ်သတ်ကို ချပြနိုင်တော့မှာပါ။ Fan Meeting လည်းလုပ်ဖို့ စီစဉ်ထားပြီး mini-concert ပါလုပ်ဖို့ရှိပါတယ်။

အားလုံး ဝိုင်းပြီးအားပေးကြဖို့ မျှော်လင့်ပါတယ်” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ Park Yoo Chun ၏အေဂျင်စီကလည်း ” ကျွန်တော်တို့က Park Yoo Chun ရဲ့ Album အသစ်ကို တောင်ကိုရီးယားမှလွဲ၍ အခြားအာရှနိုင်ငံတွေမှာ ဖြန့်ချီဖို့စီစဉ်ထားပါတယ်။

ထိုင်းနိုင်ငံနှင့် ဂျပန်တို့ကတော့ အဓိကဖြစ်မှာပါ။ တောင်ကိုရီးယားမှာလည်း ထုတ်လွှင့်ဖို့တော့ စီစဉ်ထားပါတယ်။ ဖြစ်နိုင်မဖြစ်နိုင်ကိုတော့ စောင့်ကြည့်ရဦးမှာပါ။”

ဒါ့အပြင် အနားယူမယ်ဆိုပြီး အနုပညာအလုပ်လာခဲ့တဲ့ အပါ် လူတွေပြောဆိုနေတာနှင့် ပက်သက်ပြီးလည်း Park Yoo Chun က ” ကျွန်တော် ပရိတ်သတ်တွေကို တောင်းပန်ချင်ပါတယ်။

သူတို့ရဲ့ ခွင့်လွှတ်မှုကို တောင်းဆိုချင်တာကြောင့် အချိန်တစ်ခုလိုအပ်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကနေ ရှောင်ပြေးမနေချင်တော့ပဲ ခွင့်လွှတ်မှုကို ရဖို့အတွက် ကြိုးစားချင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက်လည်း အများကြီးတွေးပြီးမှ ဆုံးဖြတ်ခဲ့တာပါ။” ဆိုပြီး ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ပဲ Park Yoo Chun က သူရဲ့အခုလို အနုပညာအလုပ်တွေ ပြန်လုပ်လာတာဟာ အမှားတွေကိုပြင်ပြီး ပရိတ်သတ်တွေကို အနုပညာအလုပ်တွေနှင့်အတူ ကြိုးစားပြီးပေးဆပ်သွားချင်တာကြောင့်လည်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဘယ်အချိန်အထိ လူထုရဲ့ခွင့်လွှတ်မှုကို စောင့်ရမှန်းတော့ မသေချာပင်မဲ့ အတတ်နိုင်ဆုံးကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ ပရိတ်သတ်ကြီးရော Park Yoo Chun အနုပညာအလုပ်တွေ ပြန်လုပ်လာတဲ့ အပေါ်ဘယ်လိုမြင်မိပါသလဲ။ Comments မှာဆွေးနွေးနိုင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share