Categories: Celebrity News

Trainees ဘဝက ခက်ခဲကြမ်းတမ်းမှုတွေကို ပြောပြခဲ့တဲ့ BLACKPINK အဖွဲ့ဝင်များ

BLACKPINK အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ YouTube Show တစ်ခုဖြစ်တဲ့ “24/365 with BLACKPINK” ရဲ့အပိုင်း ၅ မှာသူတို့ရဲ့ Trainees ဘဝကို ပြန်လည်တမ်းတပြီး ပြောပြခဲ့ကြပါတယ်။ စားရင်းသောက်ရင်း သူတို့ငယ်ငယ်တုန်းက အကြောင်းတွေကို ပြန်ပြီးသတိတရ ပြောခဲ့ကြတာပါ။

Rosè ကတော့ သူတို့ Trainees (သင်တန်းသား) ဘဝတုန်းက ကြက်ကြော်လိုမျိုး မှာစားလို့ရတဲ့ အစားအစာတွေ သိပ်မစားခဲ့ရကြောင်း ပြောခဲ့ပါတယ်။ Jennie ကလည်း သူသတိအရဆုံး အစားအစာဆိုရင်တော့ ကြက်ဥကြော်နဲ့ စတော်ဘယ်ရီယိုပါတဲ့။

Jennie ကပဲ ဆက်ပြီးတော့ “အဲ့တုန်းက ငါတို့မုန့်မှာစားဖို့ ပိုက်ဆံရှိကြတာမဟုတ်ဘူးလေ။ ဒါ့ကြောင့်မို့ တစ်လတစ်ခါ စျေးဝယ်ထွက်ရင် အများဆုံး ဝယ်ထားတာမျိုးက ကြက်ဥနဲ့ စတော်ဘယ်ရီယိုသာ အများဆုံးဝယ်ကြတာ” ဆိုပြီး ပြောခဲ့ပါတယ်။

သူတို့တွေ အကုန်လုံး ပိုးကောင်တွေ၊ ပိုးဟပ်တွေကကြောက်တတ်ပင်မဲ့ သူတို့နေရတဲ့အခန်းက အဲ့လိုအကောင်မျိုးတွေ အရမ်းများတယ်ဆိုပြီး သိရပါတယ်။ အဲ့လိုပိုးကောင်တွေကို မကြောက်တတ်ဆုံးကတော့ Lisa ပါပဲတဲ့။ထိုနောက်မှာလည်း အဆောင်နေရခြင်းရဲ့ အခက်အခဲတွေကို ပြောခဲ့ကြပါသေးတယ်။

Jisoo ကသူဆိုရင် အဆောင်ကိုပြောင်းလာပြီးနောက်ပိုင်း ခက်ခဲလွန်းလို့ နောင်တတောင်ရမိကြောင်း ဆိုခဲ့ပါတယ်။ Rosè ကလည်း သူမရဲ့မိဘတွေကို သူမကိုအဆောင်မှာပို့ပြီးနောက်ပိုင်း ပြန်သွားတဲ့အခါတုန်းကဆို အဆောင်အခန်းထဲမှာ တစ်ယောက်တည်းငိုမိတယ်ဆိုပြီး ပြောပြခဲ့ပါတယ်။

ဒါ့အပြင် Rosè က” Trainee စစဖြစ်ချင်းတုန်းက လုံးဝမကတတ်ခဲ့ပါဘူး။ Jennie ကပဲ အခြေခံ ကကွက်တွေကို သင်ကြားပေးခဲ့တာပါ။ အဲ့အချိန်တုန်းကဆို ငါဘာလို့ဒါတွေ လုပ်နေရတာလဲဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးရတဲ့အထိကို ခက်ခဲခဲ့တယ်။

နောက်ပြီး အဲ့တုန်းက စိတ်ဓာတ်ကလည်း ကျခဲ့တယ်။ ဒါပေမဲ့ အကအရမ်းတော်တဲ့ Lisa ကိုတွေ့ပြီးနောက်ပိုင်း သူ့လိုကတတ်ချင်လာတယ်” ဆိုပြီးသူမရဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပါတယ်။

်သူတို့တွေဟာ တချိန်က Trainees ဘဝမှာအဲ့လိုခက်ခဲမှုတွေကို တောင့်တောင့်ခံနိုင်ခဲ့တာကြောင့်လည်း အခုလို အောင်မြင်မှု အသီးအပွင့်တွေကို ခံစားနေရတာ အသေအချာပါပဲ။ သူတို့အတွက်ကတော့ Trainees ဘဝကအတွေ့အကြုံတွေဟာ ဘယ်တော့မှ မေ့လို့ရမှာမဟုတ်လောက်ပါဘူး။

နောက်ထပ်လည်း အောင်မြင်မှုတွေကို ဆက်တိုက်ရရှိနေဦးမှာပါ။ BLACKPINK အဖွဲ့ဝင်တွေအားလုံး အနာဂတ်မှာ ဒီထက်ပိုကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရရှိပါစေလို့ Myanmar Cele Bar မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share