Categories: Celebrity News

ရေဘေးအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယား အနုပညာရှင်များ

မိုးသည်းထန်မှုနှင့်အတူ ရေကြီးမှုတွေကြောင့် တောင်ကိုရီးယားရဲ့ အချို့နေရာတွေမှာ ရေဘေးအန္တရယ်တွေ ကြုံတွေ့နေကြရပါတယ်။ ဒီ့အတွက် အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်သလောက် ငွေကြေးထောက်ပံမှုတွေ လုပ်ခဲ့ကြပါတယ်။

Song Joong Ki ကတော့ သူ့ရဲ့အေဂျင်စီကိုတောင် အသိမပေးဘဲ Korea Disaster Relief Association ကို ($ 41900) ကိုလှူဒါန်းခဲ့ပါတယ်။ နောက်မှသူ့ရဲ့အေဂျင်စီကို အသိပေးခဲ့တာပါ။

” အားလုံးလည်း ခက်ခဲနေကြမယ့်အချိန်မို့ ဒီလှူဒါန်းမှုက တစ်စိတ်တစ်ပိုင်း အကူအညီပေးနိုင်ပါစေလို့ မျှော်လင့််မိပါတယ်။” ဆိုပြီး ပြောထားပါတယ်။ Park Seo Joon ကလည်း ငွေးကြေးအတေယ်များများကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Korea Disaster Relief Association ကို ($83800) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မင်းသမီး Ki Eun Sae ကလည်း ရေကြီးမှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို မြင်ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးချင်လို့ဆိုပြီး 2020 emergency relief campaign ကို ($ 8370) လှူဒါန်းခဲ့ပါတယ်။

Yoo Jae Suk ကလည်း ရေဘေးသင့်ပြည်သူတွေအတွက် ($83700) ကိုလည်း လှူဒါန်းခဲ့ပါတယ်။ Korean Disaster Relief Association ကပြောရေးဆိုခွင့် ရှိသူကတစ်ဦးက ” အဲ့လိုမျိုး သဘာဝဘေးအန္တရယ်နဲ့ ကြုံရတိုင်း Yoo Jae Suk ကအမြဲတမ်း ငွေပမာဏအများကြီးကို ဘယ်သူ့ကိုမှအသိမပေးပဲ လာလှူဒါန်းလေ့ရှိတယ်။

ဒီလို Yoo Jae Suk ရဲ့လှူဒါန်းမှုတွေကြောင့် နောက်ထပ်လာလှူကြမယ့် အလှူရှင်တွေလည်း ပေါ်ပေါက်လာနိုင်သေးတယ်” ဆိုပြီး ဖြေကြားခဲ့ပါတယ်။ Yoo In Na ကလည်း ($41850) ကိုသြဂုတ်လ ၃ရက်နေ့တွင် လှူဒါန်းခဲ့တယ်ဆိုပြီး သိရပါတယ်။

နောက်ထပ်ရေးဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းခဲ့တဲ့ အနုပညာရှင်တွေလည်း ရှိပါသေးတယ်။ အခုလိုအားလုံး အခက်အခဲဖြစ်နေတဲ့အချိန်မှာ ငွေအားဖြင့် ကူညီပေးကြတဲ့ အနုပညာရှင်တွေကိုတော့ တောင်ကိုရီယားပြည်သူများက ကျေးဇူးတင်နေကြပါတယ်။ သဘာဝဘေးအန္တရယ်တွေကြောင့် ဒုက္ခရောက်နေကြတဲ့သူတွေကို လူသားချင်းစာနာပြီး ကူညီပေးကြတဲ့သူတွေအားလုံးကို လေးစားမိကြောင်း ပြောရင်းစာကိုအဆုံးသတ်လိုက်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share