Categories: Celebrity News

tvN မှထုတ်လွှင့်တော့မည့် Startup ဇာတ်လမ်းတွဲ၏ ဇာတ်ကောင်များနှင့် မိတ်ဆက်ခြင်း

Startup ဇာတ်လမ်းတွဲမှာတော့ Suzy, Nam Joo Hyuk, Kim Seon Ho နှင့် Kang Han Na တို့ကအဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်ကြမှာပါ။ Startup ဇာတ်လမ်းတွဲဟာ တောင်ကိုရီယားရဲ့ Silicon Valley လို့တင်စားလို့ရတဲ့ နေရာမှာ လုပ်ငန်းအသစ်တွေ စတင်လုပ်ကိုင်ကြမယ့် လူငယ်တွေအကြောင်းကို အဓိကထားပြီး ရိုက်ကူးမှာပါ။

I can hear your voice ရဲ့စာရေးဆရာမှ ရေးသားထားပြီး Hotel Del Luna ကိုရိုက်ကူးသည့် ဒါရိုက်တာမှ ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ Suzy ကတော့ Seo Dal Mi ဆိုတဲ့ Steve Jobs ကဲ့သို့အောင်မြင်သူ တစ်ဦးဖြစ်ချင်တဲ့ သူတစ်ဦးပါ။

အချိန်ပိုင်းအလုပ်တွေ အတော်များများလည်း လုပ်ခဲ့ပြီး တနေ့အောင်မြင်ရမယ်ဆိုတဲ့ အိမ်မက်ကြီးရှိနေတဲ့ အလုပ်ကြိုးစားနေတဲ့ ကောင်မလေးပါ။ အလုပ်ကြိုးစားပြီး အမြဲတက်တက်ကြွကြွ ဖြစ်နေတတ်တဲ့ ကာရိုက်တာမျိုးကို Suzy ကသရုပ်ဆောင်ပေးရမှာပါ။

Nam Joo Hyuk ကတော့ Nam Do San ဆိုတဲ့ Samsan နည်းပညာ Company ရဲ့ တည်ထောင်သူပါ။ သချင်္ာနဲ့ပက်သက်ပြီး ညဏ်ကြီးရှင်လို့တောင် ခေါ်လိုရတဲ့အထိ ထူးချွန်သူဆိုလည်း ဟုတ်ပါတယ်။ Seo Dal Mi ရဲ့အချစ်ဦးလည်း ဖြစ်ပါတယ်။

သူရဲ့ကာရိုက်တာကတော့ Samsan ကို အောင်မြင်တဲ့ နည်းပညာ Company တစ်ခုဖြစ်အောင် လုပ်နိုင်ဖို့ပါပဲ။ Han Ji Pyung အဖြစ်ကိုတော့ Kim Seon Ho မှသရုပ်ဆောင်မှာပါ။ အကြွေးတွေဆပ်ဖို့အတွက် လုပ်ငန်းကိုစထောင်ရင်း နောက်ပိုင်းမှာတော့ SH Venture Capital ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

စကားပြောရမှာလည်း ကျွမ်းကျင်ပြီး၊ လုပ်ငန်းလုပ်ကိုင်ရာမှာ ထူးချွန်တဲ့ သူတစ်ဦးဆိုလည်း ဟုတ်ပါတယ်။ Kang Han Na ကတော့ အောင်မြင်တဲ့ အမျိူးသမီး CEO Won In Jae နေရာမှ ပါဝင်မှာပါ။ လူထုရဲ့လေးစားအားကျမှု၊ ချမ်းသာကြွယ်ဝမှု၊ ရုပ်ရည်စတဲ့ အရည်အချင်းတွေကို အကုန်ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ဦးပါ။

သူမဟာ စီးပွားရေးမှာလည်း အကွက်မြင်တဲ့သူပါ။ ဒါပေမဲ့ သူမအဖေရဲ့ အသုံးချခံဖြစ်နေရပြီး မလိုအပ်တော့တဲ့အချိန်မှာ အဖေအရင်းဆီမှ နောက်ကျောဓားနဲ့ထိုးတာ ခံလိုက်ရပါတယ်။ အဲ့နောက်ပိုင်းမှာတော့ Startup company ကိုစတင်ပြီး သူမရဲ့ဘဝကို အသစ်ပြန်စပါတော့တယ်။

Startup ဟာဘဝမှာ အောင်မြင်ဖို့ ကြိုးစားရုန်းကန်ရတဲ့ လူငယ်လေးယောက်အကြောင်းကို အခြေပြု ပြီးရိုက်ကူးထားတာပါ။ လူငယ်တွေကို Motivation ရစေမယ့်အပြင် စိတ်ဓာတ်ခွန်အားတွေပါ ပေးနိုင်မယ့် ဇာတ်လမ်းတွဲကောင်း တစ်ခုလည်း ဖြစ်မှာပါ။

Casts တွေကိုကြည့်ပြန်ရင်လည်း လုံးဝရှယ်တွေချည်းပါပဲ။ အောက်တိုဘာလတွင် ထုတ်လွှင့်နိုင်မယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့်မို့ Startup ဇာတ်လမ်းတွဲထွက်လာရင်လည်း အားပေးကြဖို့ တိုက်တွန်းလိုပါတယ်။

Source: Soompi
Written: Phoo Phoo

Share