Categories: Celebrity News

Lee Byung Hoon, Park Seo Joon နဲ့ Park Boyoung တို့ပါဝင်လာမယ့် Sci-Fi ရုပ်ရှင်သစ်

ကိုရီးယားရုပ်ရှင်ချစ်သူတွေအတွက် သတင်းကောင်းတစ်ခုကတော့ ဩဂုတ်လ ၄ ရက်နေ့မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒါကတော့ ကိုရီးယားရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Lee Byung Hoon, Park Seo Joon နဲ့ Park Boyoung တို့သုံးဦးကို ရုပ်ရှင်တစ်ခုတည်းမှာ တွေ့မြင်ရတော့ပါမယ်လို့ Sports Seoul သတင်းဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။

ရုပ်ရှင်အမျိုးအစားကတော့ သိပ္ပံဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ရုပ်ရှင်အမည်ကတော့ Concrete Euphoria လို့ သိရပါတယ်။ ဒီလို သရုပ်ဆောင်အရာမှာ သဘာဝကျလွန်းတဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ ပါဝင်ရုံသာမက ဒါရိုက်တာ Uhm Tae Hwa ရဲ့ လေးနှစ်အကြာမှာ ပထမဆုံးပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်ဖြစ်တာကြောင့် ကိုရီးယားပရိတ်သတ်တွေကတော့ အများကြီးမျှော်လင့်ထားကြပါတယ်။

Lee Byung Hoon နဲ့ Park Boyoung ကတော့ ဒီရုပ်ရှင်မှာ မြင်နေကျမဟုတ်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပြန်လာမယ်လို့ အစတည်းကသတင်းထွက်နေခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ Ilgan Sports ကနေ သရုပ်ဆောင်တွေထဲမှာ Park Seo Joon ပါပါဝင်မယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ပါဝင်ဖို့ကမ်းလှမ်းချက်ရခဲ့ပြီး သရုပ်ဆောင်အချိန်ဇယားတွေကို အဆင်ပြေဖို့ ညှိနှိုင်းနေပါတယ်တဲ့။

သတင်းကြားတာနဲ့ အားလုံးစိတ်လှုပ်ရှားစွာျသာင့်မျှော်နေရတဲ့ Concrete Euphoria ကိုတော့ လာမယ့်နှစ် မတ်လမှာ ရုံတင်ပြသဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီကြားထဲမှာ ပြောင်းလဲမှုတစ်စုံတစ်ရာရှိခဲ့ရင်လဲ အချိန်နှင့်တပြေးညီ တင်ပြပေးသွားပါဦးမယ်။

 

Source : Koreaboo
Written : Dar Dar

Share