Categories: Celebrity News

Netflix ရဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နိုင်ဖို့ရှိနေတဲ့ Han So Hee နဲ့ Ahn Bo Hyun

Han So Hee နဲ့ Ahn Bo Hyun တို့ကို Netflix က ရိုက်ကူးထုတ်လွှင့်သွားမယ့် သည်းထိတ်ရင်ဖိုဖာတ်လမ်းတွဲမှာ ခေါင်းဆောင်တွေအနေနဲ့ မြင်တွေ့နိုင်ဖို့ များနေပါတယ်နော်။

Han So Hee ကိုတော့ ဖခင်ဖြစ်သူအတွက် လက်စားချဖို့ ကြိုးစားနေတဲ့ Seo Jin Woo နေရာအတွက် ကမ်းလှမ်းထားတာဖြစ်ပြီး Ahn Bo Hyun ကိုတော့ စုံထောက် Jeon Pildo နေရာအတွက် ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ဒါရိုက်တာကလည်း ပေါ့သေးသေးမဟုတ်ပါဘူးနော်။ Extracurricular ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Jinmin မှ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Han So Hee ကတော့ ” The World of The Married” ဇာတ်လမ်းတွဲနှင့် အောင်မြင်ခဲ့တာဖြစ်ပြီး Ahn Bo Hyun ကတော့ -” Itaewon Class” ဇာတ်လမ်းတွဲနဲ့ လူသိများ ထင်ရှားခဲ့တာဖြစ်ပါတယ်။

Rising Stars နှစ်ယောက်လုံးကိုအတူတူ မြင်တွေ့ရမယ့် အခွင့်အရေးဖြစ်တဲ့အတွက် တကယ်ကို မျှော်လင့်ရမယ့် ဇာတ်ကားကောင်း ဖြစ်လာမှာပါ။

Source: Kstarlive
Written: Gyi Gyi

Share