U-Kiss အဖွဲ့ကို သိကြမှာပါနော်။ ၂၀၀၈ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး NH Media ကနေ ဖွဲ့စည်းပွဲထုတ်ခဲ့တာပါ။ Alexander ကတော့ U-Kiss ရဲ့အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ U-Kiss အဖွဲ့မှ နှုတ်ထွက်ခဲ့တဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။
မကြာသေးမီက Youtube အစီအစဉ်တစ်ခုမှာ Alexander ဟာ သူ့ U-Kiss အဖွဲ့ဝင်အနေနဲ့ လှုပ်ရှားခဲ့တဲ့ အချိန်တုန်းက အကြောင်းအရာတွေနဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။
သူ U-Kiss အဖွဲ့မှ နှုတ်ထွက်ခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြခဲ့တဲ့အခါမှာတော့ ကြည့်ရှုသူတွေကိုပါ အံ့အားသင့်သွားစေခဲ့ပါတယ်။ Alexander ပြောပြခဲ့တာကတော့ သူကိုအဖွဲ့မှ နှုတ်ထွက်ဖို့ ကုမ္ပဏီမှ ဖိအားပေး နှုတ်ထွက်ခိုင်းခဲ့တာပါတဲ့။
ကုမ္ပဏီက ပြောခဲ့တာကတော့ U-Kiss အဖွဲ့ဟာ ထင်သလောက် အောင်မြင်မှုမရတဲ့အတွက်ကြောင့် အဖွဲ့ဝင် ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ ပြောခဲ့ပါတယ်တဲ့။ ထပ်ပြီး ကုမ္ပဏီကပြောကြားခဲ့တာကတော့ “Alexander မင်းစဉ်းစားကြည့်။
မင်းကိုယ်မင်း ကိုရီးယားမှာအောင်မြင်တယ်လို့ ထင်လား? မအောင်မြင်ဘူးမလား” လို့ ပြောခဲ့ပါတယ်တဲ့။ ဘယ်လိုတောင် ပြောရက်လိုက်ကြတာလဲနော်။ ဒါ့ကြောင့် Alexander ရဲ့အဒေါ်နဲ့ ကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့်လည်း နောက်ဆုံးတော့ Alexander ဟာ အဖွဲ့မှ နှုတ်ထွက်ခဲ့ရပါတော့တယ်။
ဒီ့ထက်ပိုဆိုးတာကတော့ အဖွဲ့မှ နှုတ်ထွက်အောင် ဖိအားပေးခဲ့ကြတာ ဖြစ်ပေမယ့် Alexander နှုတ်ထွက်တဲ့အခါ ကြေညာခဲ့တဲ့ အခါမှာတော့ Alexander ဟာ ဆက်လက်ပြီး ပညာသင်ယူလိုတဲ့အတွက် မိမိဆန္ဒအလျောက် နှုတ်ထွက်တာဖြစ်ပါတယ်လို့ ကြေညာခဲ့တာပါတဲ့။ ဒီလို ဖိအားပေးပြီး အဖွဲ့က အထုတ်ခံခဲ့ရတဲ့ Idol တွေ ဘယ်လောက်တောင် ရှိခဲ့လဲ မသိဘူးနော်။ ကြိုးစားရတာနဲ့ မတန်လိုက်တာ~
Source: Soompi
Written: Gyi Gyi