Categories: Celebrity News

IU ဟာတောင်ပံမပါတဲ့ နတ်သမီးလေးဖြစ်ကြောင်း သက်သေပြခဲ့တဲ့ ဖြစ်ရပ်

အများအကျိုးအတွက်ဆို ငွေအားတင်မက လူအားပါ တတ်စွမ်းစ​သရွေ့လှူဒါန်းကူညီတတ်တဲ့ IU ဟာ ဒီတစ်ခေါက်လဲ အများရဲ့သောကကို မျှဝေခံစားပြီး သူတတ်နိုင်တဲ့ဘက်က ကူညီပေးခဲ့တာကြောင့် သူ့ရဲ့ကြင်နာတတ်တဲ့ စိတ်ထားလေးကို ပရိတ်သတ်တွေအနေနဲ့ မချီးကျူးပဲမနေနိုင်ဖြစ်ခဲ့ရတာပါ။

ဖြစ်ပုံကတော့ IU ဟာသူ့ရဲ့ youtube channel မှာ ဖျော်ဖြေပွဲတွေပြုလုပ်ခဲ့တုန်းက ရိုက်ကူးထားတဲ့ vlog လေးကို တင်ခဲ့ပါတယ်။ vlog ထဲမှာတော့ အလုပ်တွေပြီးလို့ အနားယူနေတဲ့ IU ဟာ သူတည်းခိုတဲ့နေရာလေးကို ပရိတ်သတ်တွေဆီလှည့်လည်ပြသရင်း အရမ်းပင်ပန်းနေတာမို့ အိပ်ရာဝင်တော့မယ်ဆိုပြီး ဗီဒီယိုရိုက်ကူးမှုကို အဆုံးသတ်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ vlog လေးကတော့ အဆုံးမသတ်သေးပဲ နောက်ဆုံးမှာ သူကိုယ်တိုင်ထည့်သွင်းထားတဲ့ ကြော်ငြာလေးတစ်ခု ပါဝင်ခဲ့တာပါ။ အဲ့ဒီကြော်ငြာလေးကတော့ လူပျောက်ကြော်ငြာဖြစ်ပြီး ပျောက်ဆုံးခဲ့တဲ့ကလေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ ထိုကလေးကိုတွေ့ခဲ့ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့လိပ်စာတွေကို ထည့်သွင်းဖော်ပြထားခဲ့တာပါ။

နာမည်ကျော်တွေအနေနဲ့ သူတို့ရဲ့ vlog တွေမှာ အခကြေးငွေရတဲ့ ကုန်ပစ္စည်းတွေကိုသာ ထည့်သွင်းကြော်ငြာကြတာ ထုံးစံဖြစ်ပေမယ့် IU ရဲ့ ကြော်ငြာရွေးချယ်မှုကတော့ ပရိတ်သတ်တွေရဲ့ရင်ကို ထိမှန်စေခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ကလေးရဲ့ မိသားစုဝင်တွေအတွက်လဲ အတော်ထိရောက်တဲ့ ကူညီမှုဖြစ်တာမို့ IU ဟာ သူ့ရဲ့နတ်သမီးလေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတယ်ဆိုတာ သက်သေပါပဲ။

Source : Koreaboo
Written : Dar Dar

[IU TV] 투어를 마친 아이유의 진짜 속마음은?

Share