Categories: Celebrity News

Fandom ခြောက်နှစ်ပြည့်ကို တ​စ်ပျော်တစ်ပါးဆင်နွဲခဲ့ကြတဲ့ EXO-L တွေအတွက် EXO ရဲ့ဂုဏ်ပြုစကား

EXO ပရိတ်သတ်တွေအတွက် EXO-L ရယ်လို့ fandom နာမည်အတည်ပြုပေးခဲ့တာ ၂၀၁၄ ဩဂုတ်လ ၅ ရက်နေ့မှာဆိုတော့ ယခု၂၀၂၀ ဩဂုတ်လ ဆိုရင် ခြောက်နှစ်တင်းတင်းပြည့်မြာက်ခဲ့ပါပြီ။

ဒီနေ့လေးကို ပရိတ်သတ်တွေကလည်း EXO-L အဖြစ်မွေးဖွားလာတဲ့နေ့လို့ သတ်မှတ်ထားကြပြီး EXO အဖွဲ့ဝင်တွေကလည်း EXO-L တွေရဲ့အမှတ်ရစရာနေ့ရက်လေးအတွက် ဂုဏ်ပြုပေးခဲ့ကြပါတယ်။

Baekhyun ဆိုရင်သူ့ရဲ့ကိုယ်ပိုင် twitter စာမျက်နှာမှာ EXO-L တွေအတွက်ဆုတောင်းစကားကိုဒီလိုရေးသားပေးခဲ့ပါတယ်။ “Happy Birthday ပါအချစ်ကလေးတို့ရေ ၊ ဒီနေ့တော့အရသာရှိတာတစ်ခုခုစားရမယ်။

Eri တို့တွေ ဝိတ်ချနေကြတာကိုသိတယ်နော်။ ဒါပေမယ့်ဒီနေ့တော့ pizza ရောကြက်ကြော်ရော ၊ Hamburger ရော၊ ဝက်ခြေထောက်ရော ၊ ဝက်သုံးထပ်သားရော ၊ Malatang ရော Mala Xiang Guo ရောအားလုံးစားကြရအောင်။

အားလုံးကိုချစ်တယ် ဟိဟိ” လို့ချစ်စဖွယ်ရေးသားခဲ့တာပါ။ Baekhyun ရဲ့ဆုတောင်းစကားလေးကိုဖတ်ပြီး အခြားသူတွေတောင်အပျော်ကူးစက်ကုန်လို့ EXO-L လေးတွေဘယ်လောက်ဆောင်ပျော်နေမလဲ မှန်းဆလို့တောင်မရနိုင်ပါဘူး။

​Suho ကလည်း သူ့ရဲ့ Instagram စာမျက်နှာမှာ ပရိတ်သတ်တစ်ယောက်က ဖျော်ဖြေပွဲမှာ EXO Lightstick လေးကိုင်ထားတဲ့ပုံနဲ့အတူ “WE ARE ONE EXO Saranghaja” ဆိုတဲ့ EXO-L တိုင်းရဲ့ရင်ထဲကဆာင်ပုဒ်လေးကို caption တပ်ပြီးတင်ပေးခဲ့ပါတယ်။

Chanyeol ကလည်း သူ့ရဲ့လက်ကောက်ဝတ်က “L-1485” ဆိုတဲ့တက်တူးလေးကို video ရိုက်တင်ခဲ့ပြီး “ဂုဏ်ပြုပါတယ် EXO-L တို့ရေ” လို့ဆုတောင်းပေးခဲ့ပါတယ်။

Sehun ကလည်း EXO-L လေးတွေအတွက်ဆုတောင်းပေးခဲ့ပြီး ကမ္ဘာအနှံ့အပြားက EXO-L လေးတွေကလည်း သူတို့အတွက်အဓိပ္ပာယ်ရှိတဲ့နေ့မှာ အချင်းချင်းဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။

Source : Allkpop
Written : Helra

Share