Categories: Celebrity News

Lee Jae Wook နဲ့ Go Ara တို့ရဲ့ drama အသစ်အတွက် teaser ဗီဒီယိုထွက်ရှိလာ

KBS2TV ရုပ်သံလိုင်းကထုတ်လွှင့်တဲ့ မင်းသား Lee Jae Wook နဲ့ မင်းသမီး Go Ara တို့ရဲ့ ဒရမ်မာအသစ်ဖြစ်တဲ့ ‘Do Do Sol Sol La La Sol’ ကတော့ ချစ်စရာ teaser လေးနဲ့ ပရိတ်သတ်ရဲ့အာရုံကိုဖမ်းစားလိုက်ပြန်ပါပြီ။

Do Do Sol Sol La La Sol ကတော့ အချစ်ဟာသရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး မင်းသမီး Go Ara ကတော့ စန္ဒရားပညာရှင် Goo Lala အဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး မင်းသား Lee Jae Wook ကိုတော့ အချိန်ပိုင်းအလုပ်သမားလေး Sun Woo Jun အဖြစ်မြင်တွေ့ရမှာပါ။ နယ်မြို့လေးတစ်မြို့က La La Land လို့ခေါ်တွင်တဲ့ စန္ဒရားသင်တန်းကျောင်းလေးကို အခြေတည်ရိုက်ကူးထားပါတယ်။

အဓိကနေရာမှာပါဝင်မယ့် သရုပ်ဆောင်နှစ်ဦးက်ု ဆန့်ကျင်ဘက်ကာရိုက်တာအနေနဲ့ တွေ့ရမှာဖြစ်ပြီးဩဂုတ်လ ၃ ရက်နေ့မှာ ထွက်ရှိလာတဲ့ teaser မှာတော့ Go Ara နဲ့ Lee Jae Wook စက်ဘီးအတူစီးနေတဲ့ ဇာတ်ဝင်ခန်းလေးပါဝင်ကာ ဝမ်းနည်းတဲ့အချိန်ဆို ငိုလိုက်ပါ။ ကိစ္စတစ်ခုကို မေ့ပျောက်ဖြစ်ဖို့ဆိုရင် ငိုနိုင်သလောက်ငိုမှဖြစ်မှာ” ဆိုတဲ့ စကားေလးနဲ့ အစပျိုးထားပါတယ်။

မျှော်လင့်ချက်တွေ ရည်ရွယ်ချက်တွေမရှိပဲ ရှင်သန်နေတဲ့ Sun Woo Jun ဆိုတဲ့ကောင်လေးရဲ့ဘဝထဲကို Goo Lala ဝင်ရောက်လာတဲ့အခါမှာ ဘယ်လိုတွေ ရှေ့ဆက်သွားကြမလဲဆိုတာကို သာမာန်အချစ်ဇာတ်လမ်းတစ်ခုအနေနဲ့သာမက ဘဝအတွက်အရေးပါတဲ့ အယူအဆတွေကိုပါ တွေ့မြင်ရမယ်လို့ထင်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးကိုတော့ ဩဂုတ်လ ၂၆ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၉:၃၀ မှာ စတင်ထုတ်လွှင့်ပြသသွားမှာပဲ။ ဇာတ်လမ်းတွဲကို အကြိုခံစားချင်တဲ့ ပရိတ်သတ်တွေအတွက်တော့ အောက်က teaser ဗီဒီယိုလေးကို ကြည့်ရှုနိုင်ပါတယ်နော်။

Source : Soompi
Written : Dar Dar

Share