အနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေကို နီးစပ်စေတာကတော့ ဆိုရှယ်မီဒီယာတွေဖြစ်တာကြောင့် မီဒီယာကအရေးပါလှပါတယ်။ ပရိတ်သတ်တွေက ကိုယ်ချစ်တဲ့အနုပညာရှင်တွေကို နေ့စဉ်မြင်တွေ့နေနိုင်တဲ့ အင်စတာဂရမ်ကတော့ အနုပညာရှင်တွေကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။
ပရိတ်သတ်ကြီးအတွက် ယခုနှစ်အတွင်း အင်စတာဂရမ်မှာ Followerတက်နှုန်း အများဆုံး ထိုင်းအနုပညာရှင် ၁၀ ဦးကို အခုလိုပဲ ဖော်ပြလိုက်ပါတယ်။ (၂၀၂၀ ဇူလိုင်လမှ ပြုစုထားတဲ့စာရင်းဖြစ်တာကြောင့် အနည်းငယ်အပြောင်းအလဲရှိနိုင်ပါတယ်။)
(၁) Bright Vachiravit
GMM25 ကနေ ရိုက်ကူးထုတ်လွင့်တဲ့ 2gether The Series နဲ့ အောင်မြင်မှုတွေတခဲနက်သိမ်းပိုက်နိုင်ခဲ့တဲ့ ပရိတ်သတ်အချစ်တော် မင်းသားလေး Bright Vachiravit ကတော့ ထိုင်းမှာသာမက အာရှတခွင်မှာပါအောင်မြင်နေပါတယ်။ Bright ကတော့ Follower ပေါင်း ၅သန်းကျော်ရှိပါတယ်။
(၂) Blackpink’s Lisa
အထူးပြောနေစရာကိုမလိုအောင် ပရိတ်သတ်တွေရဲ့အားပေးမှုကို တဝကြီးရထားတဲ့ Blackpink အဖွဲ့ဝင် Lisa ကတော့ ၂၀၁၈ ဇွန်မှအင်စတာဂရမ်ကို စသုံးပေမယ့် ယခုအချိန်မှာတော့ Follower ပေါင်း 37.4သန်းကျော်ရှိပါတယ်။
(၃) Win Metawin
ပရိတ်သတ်အချစ်တော် မင်းသားလေး Win Metawin ကတော့ Bright နဲ့အတူ GMM25 ကနေ ရိုက်ကူးထုတ်လွင့်တဲ့ 2gether The Series မှာ ပရိတ်သတ်တွေရဲ့အားပေးမှုကို တခဲနက်ပိုင်ဆိုင်ပြီး အင်စတာဂရမ်မှာ Follower ပေါင်း ၃.၅ သန်းကျော်ရှိပါတယ်။
(၄) Mew Suppasit
Follower ပေါင်း ၁.၉သန်းကျော်ပိုင်ဆိုင်ထားတဲ့ Mew Suppasit ကတော့ ပရိတ်သတ်တွေအရမ်းကို အားပေးရတဲ့ သရုပ်ဆောင် အဆိုတော် တစ်ယောက်ဖြစ်ပြီး ထိုင်းမှာသာမက အခြားနိုင်ငံတွေကပါ အားပေးနေရသူပါ။
(၅) Gulf Kanawut
မင်းသားချော Gulf Kanawut ကတော့ ထိုင်း သရုပ်ဆောင် မော်ဒယ်တစ်ယောက်ဖြစ်ပြီး သူရဲ့ TharnType The Series ထဲက ကာရိုက်တာဖြစ်တဲ့ Type ကြောင့် အောင်မြင်မှုတွေကို တခဲနက်ရရှိခဲ့သူပါ။ အင်စတာဂရမ်မှာ Follower ပေါင်း ၁.၅သန်းကျော်ရှိပါတယ်။
(၆) Tay Tawan
မင်းသားချော Tay Tawan ကတော့ သရုပ်ဆောင်၊ မော်ဒယ်အပြင် အစားအသောက်နဲ့ ခရီးသွား ဘလော်ကာတစ်ရောက်လည်းဖြစ်ပါတယ်။ သူကတော့ GMM ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ Kiss၊ Kiss Me Again နဲ့ Dark Blue Kiss ထဲက ကာရိုက်တာဖြစ်တဲ့ Pete အနေနဲ့ ပရိတ်သတ်တွေက လက်ခံအားပေးကြပါတယ်။ Follower ပေါင်း ၂.၆ သန်းကျော်ရှိပါတယ်။
(၇) Atthaphan Poonsawas
The Gifted နဲ့ Theory of Love ရုပ်သံဇာတ်လမ်းတွဲများနဲ့ အောင်မြင်မှုတွေကို တခဲနက်ရရှိခဲ့တဲ့ Atthaphan Poonsawas ကတော့ အင်စတာဂရမ်မှာ Follower ပေါင်း ၂.၉သန်းကျော်ရှိပါတယ်။
(၈) Zee Pruk
GMM ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ Friend Zone နဲ့ Why R U? များနဲ့ ပရိတ်သတ်တွေကြားရောက်လာတဲ့ Zee Pruk ကတော့ အင်စတာဂရမ်မှာ Follower ပေါင်း ၁.၁သန်းကျော်ရှိပါတယ်။
(၉) Frank Thanatsaran
GMM ရဲ့ ရုပ်သံဇာတ်လမ်းတွဲ ပရိတ်သတ်တွေကတော့ အားပေးကြမ်းမကြမ်းဆို Follower အများဆုံးစားရင်းကို သိမ်းပိုက်ထားတာပဲကြည့်ပါတော့။ Frank Thanatsaran ကလည်း GMM မင်းသားပါပဲ။ သူ့ရဲ့ ကာရိုက်တာဖြစ်တဲ့ Tee နဲ့လူသိများလာပြီး Follower ပေါင်း ၁.၂သန်းကျော်ရှိပါတယ်။
(၁၀) Singto Prachaya
2016 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Kongpob in SOTUS ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေ အားပေးခဲ့တဲ့ မင်းသားချောလေး Singto Prachaya ကတော့ အင်စတာဂရမ်မှာ Follower ပေါင်း ၂.၃သန်းကျော်ရှိပါတယ်။
Source: Thaiupdate
Written: S.Kaung