ပရိတ်သတ်အချစ်တော်တွေဖြစ်တဲ့ Nedech Kugimiya နဲ့ Baifern Pimcahnok တို့ကတော့ ထိုင်းနိုင်ငံမှာသာမက နိုင်ငံတကာမှာပါ ပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံရသူတွေပါ။
Baifern နဲ့ Nedech တို့ဟာ သူတို့ရဲ့ ဆွဲဆောင်မှုအားကောင်းလှတဲ့ ရုပ်ရည်တွေကြောင့်သာမက ပါရမီပါပြီး ထူးချွန်တဲ့ အနုပညာစွမ်းရည်များကြောင့် ဒီလိုအောင်မြင်တာမဆန်းပါဘူးနော်။
ဒါ့အပြင် သူတို့ရဲ့ ပွင့်လင်းပြီး ပရိတ်သတ်တွေအပေါ်ထားတဲ့ သူတို့ရဲ့စေတနာတွေကြောင့်လည်း ပရိတ်သတ်တွေကလည်း အချစ်တွေပိုနေရတာပါ။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Nedech Kugimiya ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့အပြင် သူနဲ့ Mario Maurer ရဲ့ အလွန်ရင်းနှီးတဲ့ဆက်ဆံရေး၊ Yaya နဲ့ လိုက်ဖတ်လွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေကြောင့်ပါ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားချစ်ခင်မှုကို ခံနေရသူပါ။
Nedech Kugimiya ဟာ ြသစတေးလျသွေးနှောပြီး ၂၀၁၀ မှာ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ Duang Jai Akkanee ဟာ လူသိများကျော်ကြားပါတယ်။ Crazy Little Thing Called Love လို့ခေါ်တဲ့ ရိုမန့်တစ်အချစ်ကားလေးနဲ့ မြန်မာပရိတ်သတ်တွေကြားကို ဝင်ရောက်လာတဲ့ မင်းသမီးချောလေး Baifern Pimcahnok ကတော့ ယခုအခါမှာဆိုရင် ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသမီးလေးတစ်ဦးဖြစ်လို့နေပါပြီ။
အဲ့ဒီ ၂၀၁၀ မှာရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ မြန်မာနဲ့ထိုင်းမှာတင်မက အာရှတခွင်မှာ အရမ်းကိုအောင်မြင်ခဲ့ပြီး မင်းသမီးချောလေး Baifern Pimcahnok ရယ်လို့ ပရိတ်သတ်တွေကို လက်ခံစေခဲ့ပါတယ်။ Nedech Kugimiya နဲ့ Baifern Pimcahnok တို့ရဲ့ ပရိတ်သတ်တွေအတွက် ယခုရိုက်ကူးမယ့် ရုပ်ရှင်ကားကတော့ လုံးဝကိုရင်ခုံစွာစောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်ကားပါပဲ။
GDH Production ကနေ ရိုက်ကူးသွားမယ့် ဒီရိုမန့်တစ်ဆန်ဆန်ဟာသဇာတ်မြူးရုပ်ရှင်ကားမှာ Nedech Kugimiya နဲ့ Baifern Pimcahnok တို့အပြင် နာမည်ကြီးအနုပညာရှင်ဖြစ်တဲ့ Bank Thiti တို့လည်း ပါဝင်သရုပ်ဆောင်သွားမှာပါ။
နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ I Fine Thank You Love You ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Mez Tharatorn ကတာဝန်ယူရိုက်ကူးသွားမှာဆိုတော့ ကြည့်ကောင်းမှာကတော့ အသေအချာပါပဲ။ ဇာတ်ကားနာမည်ကို အခုထိအကြေညာသေးပေမယ့် ၂၀၂၀ ဒီဇင်ဘာမှာတော့ ပိတ်ကားထက်မှာမြင်ရမယ်ပြောပါတယ်။
Source: ThaiUpdate
Written: S.Kaung