Categories: Celebrity News

ထိုင်း TV3 ကနေရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ့် ထိုင်းအနုပညာရှင်များ

ထိုင်းနိုင်ငံကတော့ ကမ္ဘာမှာ သူ့ရဲ့ သဘာဝအလှတွေ၊ ယဉ်ကျေးမှုတွေအပြင် ဒေသခံံတွေရဲ့ ယဉ်ကျေးပျူငှာမှုတွေကြောင့် The Land of Smiles လို့တောင် တင်စားကြပါတယ်။ အနုပညာသဘင်တွေမှာလည်း ခေတ်အဆက်ဆက်ကတည်းက အမိုင်းအစဉ်အလာကြီးမားတဲ့တိုင်းပြည်မှာ ထိုင်းဒရာမာဆိုတာတစ်ခေတ်တစ်ခါ ဖြစ်ခဲ့ပါတယ်။

ထိုင်းရုပ်သံဇာတ်လမ်းတွဲတွေကို ငယ်ငယ်က တီဗွီမှာစောင့်ကြည့်ဖူးကြမှာပါ။ ထိုင်းရုပ်ရှင်တွေကတော့ ဟိုးယခင်ထဲက အရှေ့တောင်အာရှမှာ နာမည်ကြီးပါပဲ။ ထိုင်းရုပ်သံဇာတ်လမ်းတွဲတွေကနေ အနုပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးနေတဲ့ နာမည်ကြီး ထိုင်းရုပ်သံလိုင်းဖြစ်တဲ့ TV3 Channel ကတော့ အခုလက်ရှိဘယ်လို ရုပ်သံဇာတ်လမ်းတွဲကိုရိုက်ကူးနေတယ်ဆိုတာ ကြည့်ရအောင်လား။

သတင်းဖော်ပြချက်များအရ ထိုင်း TV3 ကနေရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲသစ်မှာ နာမည်ကြီးထိုင်းအနုပညာရှင်များဖြစ်တဲ့ Boy Pakorn၊ Namtarn Pichukkana၊ Punjan Prama၊ Prang Kannarun၊ God Itthipat နဲ့ Mild Lapassalan တို့က အဓိကဇာတ်ကောင်နေရာတွေကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းတွဲကိုတော့ Rompaeng ရေးသားဖန်တီးထားတဲ့ ဇာတ်လမ်း ၃ ပုဒ်ကို ဇာတ်အိမ်တည်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်း ၃ ပုဒ်ကတော့ Sai Lub Lip Gloss၊ Sai Lub White Rose နဲ့ Sai Lub Eye Shadow တို့ပဲဖြစ်ပါတယ်။

Rompaeng ကတော့ Buppesunnivas ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုရိုက်ကူးဖန်တီးရာကနေတဟုန်ထိုးအောင်မြင်ခဲ့တာပါ။ ဒီရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင်မယ့် ထိုင်းအနုပညာရှင်များရဲ့ ဝတ်စုံ Fitting ချတာကို ဒီဇူလိုင် ၂၇ ကစတင်ခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ ဒီရုပ်ရှင်ဇာတ်လမ်းတွဲကိုတော့ ၂၀၂၁ မှ ထုတ်လွင့်ပြသမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံကတော့ မင်းသမီးဖြစ်တဲ့ Baralee က အမြဲပရမ်းပတာကျနိုင်တဲ့ မိတ်ကပ်ဆရာမကြီးဖြစ်ပြီး သူမသူငယ်ချင်းရဲ့ဖြစ်သူ အကြံပေးချက်ကြောင့် Spy လုပ်ဖို့ဖြစ်လာပါတယ်။

မိတ်ကပ်အစွမ်းနဲ့ ရုပ်တွေဖြတ်ပြီး အလုပ်လုပ်နေရင်းက အသားအရည်ကောင်းမွန်လွန်းတဲ့မင်းသားကိုတွေ့ပြီး သူ့အချစ်ကိုဘယ်လို သိမ်းပိုက်ဖို့ကြိုးပမ်းခဲ့တာကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ။

Source: Thai Update
Written: S.Kaung

Share