Categories: Celebrity News

ထိုင်းမင်းသမီးချောလေး Mew Nittha ရဲ့ စိတ်ဝင်စားဖွယ်အကြောင်းများ

ပရိတ်သတ်တွေ အရမ်းချစ်၊ အားပေးရတယ့် ထိုင်းမင်းသမီးချောလေး Mew Nittha ရဲ့ စိတ်ဝင်စားဖွယ်အကြောင်းများကို တင်ဆက်ပေးလိုက်ပါတယ်။

သူမကို စက်တင်ဘာ ၂၁၊ ၁၉၉၀ မှာမွေးဖွားခဲ့ပါတယ်။ သူမမှာ ချစ်စရာကောင်းတဲ့ ညီမလေး Min Nuttha ရှိပြီး နှစ်ယောက်လုံးက အရမ်းကိုလှတာကြောင့် သူတို့နှစ်ယောက်ရဲ့ အမေနဲ့အဖေက ဘယ်လောက်တောင်ကြည့်ကောင်းနေမလဲနော်။

သူမဟာ Srinakharinwirot တက္ကသိုလ်ကနေ Fine Art မေဂျာ (ဖက်ရှင်ဒီဇိုင်း) နဲ့ ကျောင်းပြီးခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ နယူးဇီလန်မှာ အင်္ဂလိပ်စာသင်ယူခဲ့ပြီး အထက်တန်းကျောင်းတက်ရောက်နေစဉ်မှာပဲ ရေဆေး၊ ခဲပန်းချီစတဲ့ အနုပညာပညာတွေကိုပါ လေ့လာခဲ့ပါတယ်။

၂၀၁၃ မှာ Suparburoot Jutathep: Khun Chai Pawornruj ရုပ်သံဇာတ်လမ်းတွဲထဲက Than Ying Wanrasa ကာရိုက်တာနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာပါတယ်။

၂၀၁၆ မှာတော့ ပရိတ်သတ်တွေ တခဲနက်အားပေးခဲ့တဲ့ Ter Chantavit နဲ့အတူသရုပ်ဆောင်ခဲတဲ့ One Day ဆိုတဲ့ရိုမန့်တစ်ရုပ်ရှင်ကြောင့် သူမရဲ့သရုပ်ဆောင်ပါရမီကို ပရိတ်သတ်တွေကြား ချီးကျူးစေခဲ့ပါတယ်။ ၂၀၂၀ ဇန်နဝါရီလမှာပဲ Hi-So Shane ကိုလက်ထပ်ခဲ့ပါတယ်။

ယခုချိန်မှာတော့ Mew တစ်ရောက်က မကြာခင်မှာ ThaiTV3 မှာထုတ်လွင့်ပြသမယ့် Duang Tah Tee Sarm ကို James Ma နဲ့အတူ ရိုက်ကူးလျက်ရှိပြီး OK Keub Hak Ab Ruk Khun Samee ကိုလည်း ရိုက်ကူးပြီးပါပြီ။

Source: ThaiUpdate
Written: S.Kaung

Share