Categories: Celebrity News

Kim Tae Hee ကြောင့်စာမေးပွဲကျရတာပါလို့ ပြောခဲ့တဲ့ကျောင်းသားတစ်ဦး

မကြာသေးမီကမှ JTBC မှထုတ်လွှင့်ခဲ့တဲ့ Hot Entertainment News မှ Jang Young Ki ဆိုတဲ့ အမျိုးစားတစ်ဦးဟာ သူ့ရဲ့ဖြစ်ပုံကို ပြောပြခဲ့ပါတယ်။ Jang Young Ki ဟာအမှန်တော့ Kim Tae Hee စာပြပေးခဲ့ဖူးတဲ့ ကျောင်းသားတစ်ဦးပါ။

၂၀၀၀ ခုနှစ်လောက်တုန်းက Kim Tae Hee ဟာတောင်ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Seoul National University မှာတက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးပါ။ အဲ့အချိန်မှာတုန်း Jang Young Ki ဟာ အလယ်တန်းကျောင်းသား အရွယ်သာရှိပါသေးတယ်။ သူဟာ Kim Tae Hee ရဲ့ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ Jang Young Ki ဟာသူ့ရဲ့မိဘတွေ မျှော်လင့်ထားသလို စာမေးပွဲရလဒ်ကောင်းတွေ မရရှိခဲ့ပါဘူး။ Jan Young Ki ရဲ့ပြောပုံအရ သူဟာ Kim Tae Hee စာလာမသင်ခင်တိုင်း သူ့ကိုယ်သူ ကြည့်ကောင်းအောင် အမြဲပင်ဆင်နေလေ့ရှိတယ်တဲ့။

“ကျွန်တော် မှတ်မိသေးတယ်၊ Kim Tae Hee စာလာသင်တော့မယ့်အချိန် ရောက်တော့်ဆို ကျွန်တော့်မှာ ခေါင်းဖြီးရတာနဲ့၊ ရေးမွှေးဆွတ်ရတာနဲ့ အလုပ်ကိုရှုပ်နေတော့တာ ဆိုပြီးသူ့ရဲ့ အဖြစ်ကို ပြောပြထားပါတယ်။

ဒါ့အပြင် Kim Tae Hee ရဲ့အလှကြောင့် စာထဲကိုအာရုံစိုက်လို့လည်း မရခဲ့ပါဘူးတဲ့။ ဒါ့ကြောင်လည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ကျခဲ့ပါတယ်တဲ့။ နောက်တစ်နှစ် ထပ်ကြိုးစားမှ အောင်သွားခဲ့တယ်ဆိုပြီး ပြောပြခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ ဒီလူ့ရဲ့အဖြစ်ကို သိပ်ပြီးအံသြပုံ မရကြပါဘူး။

Kim Tae Hee ကဆရာမဖြစ်နေမှတော့ ဘယ်လိုလုပ်ပြီး စာထဲကိုအာရုံစိုက်လို့ရမှာလဲဆိုပြီး ကိုယ်ချင်းစားပေးနေကြပါတယ်။ ပရိတ်သတ်ကြီးရော ကိုယ့်ကိုစာပြပေးမယ့်သူဟာ ကိုယ်ကြိုက်တဲ့ မင်းသား၊မင်းသမီး ဖြစ်နေရင် ဘယ်လိုဖြစ်မယ်လို့ထင်လဲ။ မိမိရဲ့အမြင်လေးကိုလည်း ပြောခဲ့ပါဦး။

Source: Koreaboo
Written: Phoo Phoo

Share