Categories: Celebrity News

Jin ရဲ့ အစ်ကိုဖြစ်သူ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ BTS အဖွဲ့ဝင်များ

ဩဂုတ်လ ၇ ရက်နေ့မှာတော့ BTS အဖွဲ့ဝင် Jin ရဲ့ အစ်ကိုဖြစ်သူဟာ သူ့ရဲ့ချစ်သူမိန်းကလေးနဲ့ ထိမ်းမြားလက်ထပ်သွားပြီလို့ လူမှုကွန်ယက်တွေမှာ ဓာတ်ပုံတွေနဲ့တကွ ဝေဝေဆာဆာ တက်လာခဲ့ပါတယ်။

ခမ်းနားကြီးကျယ်လွန်းတဲ့ မင်္ဂလာပွဲမှာ သတို့သား သတို့သမီးကလဲ ကျက်သရေရှိနေသလို Jin ကလဲ သူ့အစ်ကိုအတွက် ကြည်နူးပီတိဖြစ်နေပုံပါပဲ။ မင်္ဂလာပွဲကိုတော့ BTS အဖွဲ့ဝင်တွေပါ တက်ရောက်ခဲ့ကြပြီး Jin ကတော့ သူ့အစ်ကိုအတွက် မင်္ဂလာအခမ်းအနားမှူးအဖြစ် ပါဝင်အားဖြည့်ပေးခဲ့တယ်လို့ သိရပါတယ်။

သွေးသာယမတော်စပ်ပေမယ့် မိသားစုအရင်းအချာလို ခင်မင်ရတဲ့ BTS အဖွဲ့ဝင်တွေကလဲ ဂုဏ်ပြုသီချင်းသီဆိုပြီး လက်ဖွဲ့ပေးခဲ့ပါသေးတယ်။ အမြဲတမ်းအလုပ်အချိန်ဇယားတွေနဲ့ မအားလပ်တဲ့ Jin တစ်ယောက် ဒီနေ့မှာတော့ မိသားစုရဲ့အရေးပါတဲ့အချိန်မို့ မိသားစုဝင်တွေနဲ့ အတူဖြတ်သန်းခဲ့ပုံပါပဲ။

အဖွဲ့ထဲမှာ အစ်ကိုကြီးတာဝန်ကိုယူထားရပေမယ့် မိသားစုထဲမှာတော့ အထွေးဆုံးလေးဖြစ်တဲ့ Jin ရဲ့ မိသားစုဝင်အသစ်နဲ့ မိသားစုဓာတ်ပုံလေးကိုလဲ သူ့အစ်ကိုဖြစ်သူက instagram ကနေ ဝေမျှပေးလိုက်ပါတယ်။

Source : kimseokjung90, chltlso
Written : Dar Dar

Share