Categories: Celebrity News

တရားမစွဲဖို့ အထက်စီးကပြောခဲ့တဲ့ hater အတွက် Heechul ရဲ့ ထင်မြင်ယူဆချက်

Celebrity ဖြစ်နေတဲ့ဆိုတဲ့အချက်နဲ့ပဲ ကိုယ့်ကိုအကြောင်းမဲ့ဆဲဆိုတိုက်ခိုက်တာတွေကို ရေငုံနှုတ်ပိတ်ပြီး သည်းခံနေရမယ်ဆိုတဲ့ အယူအဆဟာ idol တွေ စိတ်ဖိစီးမှုကြောင့် ကြွေလွင့်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းဖြစ်သလို typing လေးရိုက်ရုံနဲ့ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို ဖျက်ဆီးပစ်တတ်တဲ့ အွန်လိုင်းလူသတ်သမားတွေ များပြားလာရတဲ့ အကြောင်းရင်းလဲဖြစ်ပါတယ်။ ဒီအယူအဆကို စတင်တိုက်ဖျက်မယ့် သူရဲကောင်းကတော့ Heechul ပဲဖြစ်ပါတယ်။

​ပြင်းထန်တဲ့ဝေဖန်တိုက်ခိုက်မှုတွေကြောင့် သူချစ်ရသူအချို့ကို ဆုံးရှုံးအပြီးမှာတော့ Heechul ဟာ ရှေ့နေ ၆ ဦးငှားပြီး အွန်လိုင်းကဆဲဆိုသူတွေကို တရားစွဲဆိုခဲ့ပါတယ်။ သူ့ရဲ့ရှေ့ဆောင်လမ်းပြပီသတဲ့လုပ်ရပ်ကြောင့် ဂျူနီယာလေးတွေအားတက်ခဲ့ရပေမယ့် သူတစ်ပါးကိုထိခိုက်အောင်လုပ်တုန်းကတော့ မစဉ်းစားမဆင်ခြင်ခဲ့တဲ့ hater တစ်သိုက်ဟာ အခုတော့ သွေးပျက်နေကြပါပြီ။

Heechul တစ်ယောက် တရားစွဲတဲ့လုပ်ငန်းစဉ်တွေ စတင်တဲ့အချိန်မှာပဲ ဝေဖန်တိုက်ခိုက်ခဲ့သူတစ်ဦးဟာ သူ့မှာလျော်ကြေးပေးဖို့ငွေမရှိကြောင်းနဲ့ Heechul ဟာ နာမည်ကြီးပြီး ငွေရှိတာနဲ့ သူ့လိုအကြွေးပတ်လည်ဝိုင်းနေတဲ့သူ့လိုလူကို နိုင်ထက်စီးနင်းပြုမူတာဟာ မကောင်းကြောင်း သူ့မိဘတွေလဲ စိတ်ဆင်းရဲနေရပြီမို့ ဒီလိုဆက်လုပ်နေမယ်ဆိုရင် သူ့ကိုသတ်နေတာနဲ့အတူတူဖြစ်ကြောင်း အစချီကာ သူ့ကိုတရားမစွဲဖို့ အထက်စီးဆန်ဆန်တောင်းပန်စကားဆိုခဲ့ပါတယ်။

ဒီလိုခြိမ်းခြောက်စာဆန်တဲ့ တောင်းပန်စာနဲ့ပတ်သတ်ပြီး Heechul ကို Sisa Journal က အင်တာဗျူးခဲ့ရာမှာတော့ Heechul က ‘ကျွန်တော့်အထင်တော့ ဒီ comment ကို hater ကရေးတယ်လို့မထင်ဘူး။ ကျွန်တော့် fan တစ်ယောက်ယောက်ကနေ ကျွန်တော်ဒီလူတွေနဲ့ပတ်သတ်ပြီး စိတ်ပျော့သွားမှာစိုးလို့ ဒီလို comment ရေးပြီး တစ်ဖက်လှည့်နဲ့ ကျွန်တော့်ကို တွန်းအားပေးနေတယ်လို့ ထင်တယ်’ လို့ ဖြေခဲ့ပါတယ်။

ဆက်ပြီးတော့လဲ Heechul က ‘ကျွန်တော့်အတွေ့အကြုံအရတော့ လူအများစုက ဒီလိုတရားခံတွေကိုဖမ်းဖို့ အခက်အခဲတွေအများကြီး ကြုံရမှာပဲ။ ကျွန်တော်ကတော့ အားပေးမှုတွေအများကြီးရခဲ့ပြီဖြစ်လို့ လက်လျှော့သွားဖို့မရှိပါဘူး။ ဆက်သွားမှာပါ’ လို့ သူ့ရဲ့ဆုံးဖြတ်ချက် ပြောင်းလဲမှာမဟုတ်ကြောင်း ဖြေဆိုခဲ့ပါတယ်။

Source : Koreaboo
Written : Dar Dar

Share