Categories: Celebrity News

ပထမဆုံးရင်သွေးလေးကို မွေးဖွားလိုက်ပြီဖြစ်တဲ့ Jo Jung Suk နဲ့ Gummy တို့ စုံတွဲ

ချစ်သူသက်တမ်း နှစ်လကြာရှည်လက်တွဲပြီးမှ မင်္ဂလာပွဲဆင်နွှဲခဲ့တဲ့ မင်းသား Jo Jung Suk နဲ့ အဆိုတော်မလေး Gummy တို့ကတော့ ဩဂုတ်လ ၆ ရက်နေ့မှာ ပထမဆုံးရင်သွေးလေးကို လူ့လောကထဲခေါ်ဆောင်လာခဲ့ပြီလို့ ကိုရီးယားသတင်းဌာနတွေမှာ
ဖော်ပြထားပြီး မင်းသား Jo Jung Suk ရဲ့ အေဂျင်စီကလဲ အတည်ပြုထားပါတယ်။

ကလေးက မိန်းကလေးဖြစ်ပြီး ဩဂုတ်လ ၆ ရက်နေ့ မနက်အစောပိုင်းမှာ ဆိုးလ်မြို့က ဆေးရုံတစ်ခုမှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးရော မိခင်ဖြစ်သူ Gummy ရော ကျန်းမာတယ်လို့လဲ သတင်းထုတ်ပြန်ထားပါတယ်။ နှစ်ဖက်မိဘတွေရော Jo Jung Suk နဲ့ Gummy ရော ဝမ်းပန်းတသာဖြစ်နေကြပါတယ်တဲ့။

Jo Jung Suk ရဲ့ အေဂျင်စီဖြစ်တဲ့ JAM Entertainment ကလဲ သမီးဦးလေးမွေးဖွားမှုအတွက် ဂုဏ်ပြုပေးကြသူအားလုံးကိုကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ Jo Jung Suk ကတော့ မကြာသေးမီကမှ ရိုက်ကူးပြီးစီးထားတဲ့ Hospital Playlist ဇာတ်လမ်းတွဲမှာ အကြီးအကျယ်အောင်မြင်မှုရခဲ့သလို Gummy ကလဲ ‘You Are My Everything’ အစရှိတဲ့ သူ့ရဲ့နာမည်ကျော်ဇာတ်ဝင်တေးတွေနဲ့ အောင်မြင်တဲ့ အဆိုတော် တစ်ဦးပါ။

Jo Jung Suk နဲ့ Gummy ရဲ့ ပရိတ်သတ်တွေအားလုံး ဒီသတင်းလေးကြောင့် ဝမ်းသာပီတိဖြစ်
ရမယ်လို့ မျှော်လင့်ပါတယ်နော်။ ပရိတ်သတ်အားကျရတဲ့ ချစ်စရာစုံတွဲလေးရဲ့ မိသားစုဘဝဟာလဲ ရှေ့လျှောက်ပျော်ရွှင်စရာတွေနဲ့သာ ရှေ့ဆက်နိုင်ပါစေလို့ Myanmar Cele Bar အဖွဲ့သားများက ဆုတောင်းပေးလိုက်ပါတယ်။

Source : Koreaboo
Written : Dar Dar

Share