Categories: Celebrity News

Stalker တစ်ယောက်ကိုတရားရုံးမှာ အရေးယူဖို့ ကြိုးစားနေတဲ့ 2PM’s Nichkhun

2PM အဖွဲ့ဝင် Nichkhun တစ်ယောက် သူ့နောက်ကိုတောက်လျှောက်လိုက်နေတဲ့ stalker ရန်ကနေ ကာကွယ်ပေးဖို့ တရားရုံးကို restraining order ထုတ်ပေးရန်လျှောက်လဲခဲ့ပါတယ်။

Nickhun ဟာ အဲ့ဒီမိန်းကလေးရဲ့ နောက်ယောင်ခံလိုက်မှုကို မခံစားနိုင်တော့တာကြောင့် တရားရုံကနေ restraining order ရယူဖို့ လျှောက်ထားခဲ့တာပါ။

Restraining order ဆိုတာကတော့ နောက်ယောင်ခံလိုက်မှုတွေ၊ အနှောင့်အယှက်ပေးမှုတွေ၊ နှိပ်စက်အနိုင်ကျင့်မှုတွေကို ကာကွယ်ဖို့ တရားခံကို နစ်နာသူနဲ့အနီးတဝိုက်ကို သွားလာခွင့်ကန့်သတ်တဲ့ အမိန့်မျိုးပါ။

News1 ရဲ့သတင်းအရ Seoul Central District Court က Nichkhun ရဲ့လျှောက်ထားချက်အတွက် ပထမအကြိမ်စစ်မေးခြင်းကို ဩဂုတ်လ ၅ ရက်နေ့ကစစ်ဆေးခဲ့ပါတယ်တဲ့။

တရားရုံးက Nichkhun ရဲ့လျှောက်လဲချက်တွေရော စွပ်စွဲခံရသူရဲ့ (ဒီနေရာမှာ Kim မျိုးနွယ်မိန်းကလေးလို့သုံးနှုန်းထားပါတယ်) လျှောက်လဲချက်တွေကိုပါနားထောင်ပြီး တရားနည်းလမ်းကျကျဆုံးဖြတ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။

Nichkhun ကလျှောက်လဲချက်ကို ဇူလိုင်လ ၆ ရက်နေ့ကတင်သွင်းခဲ့တာပါ။ Nichkhun ရဲ့အေဂျင်စီဖြစ်တဲ့ JYP Entertainment ကတာဝန်ရှိသူတစ်ဦးက “ဒီကိစ္စကို ပြစ်မှုအနေနဲ့တရားစွဲနိုင်အောင်လုပ်ဆောင်သွားမယ်” လို့ပြောကြားခဲ့ပါတယ်။

“ကာယကံရှင်က ဒီကိစ္စကြောင့်အပြင်းအထန်စိတ်ဖိစီးမှုခံစားနေရပြီး ဒီအချက်နဲ့တင် တရားစွဲဆိုဖြစ်သွားမှာပါ” လို့လည်းပြောကြားခဲ့ပါတယ်။ ဒီလိုမျိုးစိတ်ဖိစီးမှုတွေကို တစ်ယောက်တည်းခံစားမနေပဲ ဒီလိုဖော်ထုတ်လာနိုင်ကြတာ K Idol တွေအတွက် အရမ်းကောင်းမွန်တဲ့အလားအလာပါ။

Source : Soompi
Written : Helra

Share