Categories: Celebrity News

ကျန်းမာရေးအခြေအနေကြောင့် Online Concert မှာ ကပြဖျော်ဖြေနိုင်မှာ မဟုတ်တဲ့ Jeongyeon

ဩဂုတ်လ ၆ ရက်နေ့မှာတော့ JYP Entertainment ကနေ Once တွေ စိတ်မကောင်းဖြစ်ရမယ့် သတင်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဒီကာလအတွင်း ပထမဆုံးအနေနဲ့ ကျင်းပမယ့် Twice ရဲ့ online ဖျော်ဖြေပွဲမှာ Jeongyeon တစ်ယောက်ဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ကပြဖျော်ဖြေနိုင်မှာ မဟုတ်ဘူးဆိုတဲ့သတင်းပါ။

Beyond LIVE – World In A Day ဖျော်ဖြေပွဲကိုတော့ လာမယ့်တနင်္ဂနွေနေ့ ဩဂုတ် ၉ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၉:၃၀ မှာ စတင်ကျင်းပမှာဖြစ်ပြီး အဖွဲ့ဝင်အားလုံးပါဝင်သွားမှာဖြစ်ပေမယ့် Jeongyeon ကတော့ ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ထိုင်ခုံမှာပဲထိုင်ပြီး ဖျော်ဖြေသွားမှာပါတဲ့။

JYP Entertainment ဘက်ကတော့ Jeongyeon ရဲ့ကျန်းမာရေးပြဿနာကို အသေးစိတ်မပြောပြထားပေမယ့် ပရိတ်သတ်တွေရဲ့ မှန်းဆချက်အရတော့ Jeongyeon က More & More ရိုက်ကူးကတည်းက နားတွေကျင်တဲ့ ဝေဒနာခံစားခဲ့ရပြီး လည်ပင်းရိုးအတွက် ဆေးကုသမှုခံယူခဲ့ရတာကြောင့် အဲ့ဒီပြဿနာသာဖြစ်မယ်လို့ မှန်းဆနေကြပါတယ်။

ဒီသတင်းတွေထွက်ပေါ်လာအပြီးမှာတော့ twitter မှာ Get Well Soon Jeongyeon ဟာ worldwide trend ဖြစ်နေပါတယ်။ Jeongyeon တစ်ယောက်လည်း အမြန်ဆုံးဝေဒနာတွေ သက်သာပြီး အရင်လိုတက်တက်ကြွကြွနဲ့ ပြန်လည်ဖျော်ဖြေနိုင်ပါစေလို့ ဆုတောင်းပါတယ်။

Source : Koreaboo
Written : Dar Dar

Share