Categories: Celebrity News

ဇနီးသည်ကို မြင်မြင်ချင်းချစ်မိတဲ့အကြောင်းကို ပြောပြခဲ့တဲ့ Roဆုံးအမျိုးသား(သို့) Shin Sung Rok

Master In the house အစီအစဉ်မှာ Shin Sung Rok ဟာသူနှင့်သူဇနီးရဲ့ အချစ်ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။ သူမိန်းမကို ဘယ်လိုချစ်ရေးဆိုခဲ့ကြောင်း၊ မြင်မြင်ချင်းမှာပဲ လက်ထပ်ဖို့အထိ စဉ်းစားခဲ့ကြောင်း စတာတွေကို ရင်ဖွင့်ခဲ့ပါတယ်။ သြဂုတ်လ ၃ရက်နေ့မှာ ထုတ်လွှင်ခဲ့တဲ့ အပိုင်းမှာတော့ Master In The House ရဲ့အဖွဲ့သားတွေဟာ သူတို့ရဲ့ချစ်မှုရေးရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါအပိုင်းရဲ့ Masters တွေကတော့ ဟာသသရုပ်ဆောင် Park Na Rae နှင့် Jang Do Yeon တို့ပဲဖြစ်ပါတယ်။ Shin Sung Rok ရဲ့အချစ်ရေးနှင့် ပက်သက်ပြီးတော့ Park Na Rae က တဖက်သတ်အချစ်ကြုံးဖူးလားလို့ မေးမြန်းခဲ့ပါတယ်။ ထိုအခါမှာတော့ Shin Sung Rok ကသူရဲ့ဘဝမှာ ဘယ်တုန်းကမှ တစ်ဖတ်သတ်မချစ်ခဲ့ဖူးကြောင်း ဝန်ခံခဲ့ပါတယ်။

သူ့ရဲ့မိန်းမဖြစ်သူနှင့် အချစ်ရေးကိုပြောပြရာမှာတော့ သူဟာ စိတ်မြန်လက်မြန်ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး၊ ကြိုက်တယ်ဆိုလို့ကတော့ ချက်ချင်းဖွင့်ပြောတတ်တဲ့သူမျိုးဖြစ်ကြောင်း ပြောခဲ့ပါတယ်။ “ကျွန်တော့်မိန်းမကို ပထမဆုံးတွေတဲ့နေ့မှာပဲ ချက်ချင်းကိုရည်းစားစကား ပြောခဲ့တာ” ဆိုပြီး Shin Sung Rok ကပြောခဲ့ပါတယ်။

Lee Seung Gi ကလည်းဝင်ပြီး “အဲ့တုန်းက အကို Sung Rok ကကျွန်တော်ကိုတောင် မရီးနဲ့ပက်သက်ပြီး သူရဲ့ခံစားချက်တွေ ဘယ်လောက်လေးနက်တယ်ဆိုပြီး ပြောခဲ့ဖူးတယ်”။ ထိုအခါ Shin Sung Rok က ” ဟုတ်တယ်။ကျွန်တော်က ကျွန်တော့်မိန်းမကို မြင်မြင်ချင်းကို ချစ်သွားတာ။ အာ့ကြောင့်တွေ့တွေ့ချင်းမှာပဲ သူမကိုလက်ထပ်ဖို့စိတ်ကူး ရှိလားလို့မေးခဲ့တယ်။ ဘယ်လိုယောကျာ်းလေး ပုံစံမျိုးဆို သဘောကျလဲ စတာတွေလည်းမေးခဲ့တယ်။

ဘယ်လောက်ထိတောင် ဟန်မဆောင်ပန်မဆောင် ဖြစ်ခဲ့လဲဆိုရင် တွေ့တွေ့ချင်းမိန်းကလေးကို ကလေးတွေချစ်လား ဆိုပြီးမေးခဲ့လိုက်တယ်” ဆိုပြီး သူ့ရဲ့သူ့မိန်းမအပေါ် အချစ်တွေကို ဖောက်သည်ချခဲ့ပါတယ်။ Shin Sung Rok ရဲ့အချစ်ဇာတ်လမ်းကို ကြားပြီးပရိတ်သတ်တွေကတော့ သဘောကျနေကြပါတယ်။ တော်တော်လေးလည်း သွက်တဲ့သူပဲနော်။

ကိုယ်ချစ်ရင်ချစ်တာကို မြန်မြန်ဆန်ဆန် ရဲရဲဝံ့ဝံ့ ပြောတတ်တဲ့ Shin Sug Rok ကိုအတုယူရမလိုတောင် ဖြစ်နေပါပြီ။ ဇနီးသည်အပေါ်လည်း တော်တော်လေးချစ်ပုံ ရပါတယ်။ ဒီဇနီးမောင်နှံ နှစ်ယောက် အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ပါစေလို့ Myanmar Cele bar မှဆုတောင်းပေးပါတယ်။

Source: Soompi
Written: Phoo Phoo

Share