Categories: Celebrity News

စက်တင်ဘာလထဲတွင် Online မှတဆင့် Mualn ရုပ်ရှင်ကို ကြည့်နိုင်မယ့်နည်းလမ်း

Disney ရဲ့ Live action တစ်ခုဖြစ်တဲ့ Mulan ရုပ်ရှင်ဟာ မင်းသမီး Liu Yifei အဓိကပါဝင်ပြီး အခြားအာရှမှသရုပ်ဆောင်များစွားနှင့် အသက်သွင်းထားပါတယ်။ အဆိုပါရုပ်ရှင်ဟာ မထွက်ရှိခင်ကတည်းက ပရိတ်သတ်တွေကြားမှာ ရေးပန်းစားနေပြီး အားလုံးကလည်းမျှော်လင့်ထားတဲ့ ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။

ကနဦးစတုန်းကတော့ Mulan ကို မတ်လတွင် တစ်ကမ္ဘာလုံးရှိ ရုပ်ရှင်ရုံတွေမှာ ခမ်းခမ်းနားနားပွဲဦးထွက်ဖို့ ပြင်ဆင်ထားတာပါ။ ဒါပေမဲ့ ရောဂါကိစ္စတွေကြောင့် ဆိုင်းငံခဲ့ရပြီး သြဂုတ်လ ၂၁ရက်နေ့မှာတော့ ပြမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

သို့ပင်မဲ့ US မှာဖြစ်နေတဲ့ အနေအထားတွေကြောင့် ယခုအခါမှာ ပြသဖို့မဖြစ်နိုင်တော့ပဲ Disney ကလည်း Mulan ကိုပြသဖို့ ဆက်လက်ပြီး မစောင့်နိုင်တော့တဲ့ ပုံပါပဲ။

ဒါ့ကြောင့် Mulan ရုပ်ရှင်ကို Online မှတစ်ဆင့် ပြသတော့မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ကြည့်ရှုလိုသူတွေဟာ Disney+ မှတစ်ဆင့် ကြည့်ရှုရပါတယ်။ Disney+ ကို Subscription fee ပေးသွင်းပြီး အပိုကြေး $30 ကိုပေးသွင်းပြီး ကြည့်ရှူ နိုင်မှာပါ။ ဒါကိုတော့ စက်တင်ဘာလထဲမှာ လုပ်နိုင်မှာပဲဖစ်ပါတယ်။ ဒါပေမဲ့ Disney+ဟာ နိုင်ငံတိုင်းမှာတော့ အသုံးပြုလို့မရပါဘူး။

ထိုသို့မရနိုင်တဲ့ နိုင်ငံတွေအတွက်တော့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ပြီဆိုတာနဲ့ Mulan ကိုရုံတင်ပေးသွားမည် ဖြစ်ကြောင်းသိရပါတယ်။ Online ကနေကြည့်ရှုချင်တဲ့ ပရိတ်သတ်တွေအတွက်တော့ ဒီနည်းလမ်းဟာ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

ပုံမှန်ထက်တော့ ပိုက်ဆံနည်းနည်း ပိုကုန်မှာပါ။ ဒါပေမဲ့ Mulan ကားဆိုတော့ ကြည့်ရတာတန်ပါလိမ့်မယ်။ Mulan ကိုစောင့်မျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက်တော့ ဒါဟာသတင်းကောင်း ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ အခုလိုဖတ်ရှုပေးမှုကို ကျေးဇူးတင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share