Categories: Celebrity News

Rothy ရဲ့သီချင်းအသစ်မှာ Featuring ဆိုမယ့် EXO’s Chanyeol

ဩဂုတ်လ ၇ ရက်နေ့ Rothy ရဲ့ အေဂျင်စီဖြစ်တဲ့ Dorothy Company ရဲ့ထုတ်ပြန်ချက်အရ ဩဂုတ်လ ၁၃ ရက်နေ့မှာထွက်ရှိမယ့် သူမရဲ့ ‘Ocean View’ သီချင်းမှာ Chanyeol ဆိုပေးမယ်လို့အတည်ပြုလိုက်ပါပြီ။

“ဒီလိုမျိုး အရည်အချင်းရှိတဲ့ အနုပညာရှင်နှစ်ယောက်ရဲ့ တွေ့ဆုံမှုကစပြီး နောင်ပိုင်းပိုမိုကောင်းမွန်တဲ့ အနုပညာတွေချပြသွားနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်” လို့ Dorothy Company ကပြောကြားခဲ့ပါတယ်။ အခုထွက်ရှိလာမယ့် သီချင်းလေးက စိတ်ဓာတ်တက်ကြွစေမယ့် Summer song လေးတစ်ပုဒ်ပါတဲ့။

Chanyeol နဲ့ Punch နဲ့တွဲဖက်သီဆိုခဲ့တဲ့ Stay With Me တုန်းကလည်းအကြီးအကျယ်အောင်မြင်ခဲ့ပြီး မကြာသေးမီကထွက်ရှိခဲ့ပြီး Chanyeol featuring ဆိုပေးခဲ့တဲ့ Lee Sun Hee ရဲ့ Anbu သီချင်းကလည်းအောင်မြင်ခဲ့လို့ ပရိတ်သတ်တွေကလည်း ဒီ collaboration အပေါ်မျှော်လင့်ချက်ထားထားကြပါတယ်။

Rothy ရဲ့ထုတ်လုပ်သူတစ်ဖြစ်လဲ သူမအနုပညာကိုပျိုးထောင်ပေးခဲ့တဲ့ အဆိုတော် Shin Seung Hoon က ဒီ collaboration လုပ်ဖို့စတင်အကြံပေးခဲ့သူဖြစ်လို့ ဒီသီချင်းကသူတို့နှစ်ယောက်အသံနဲ့ လိုက်ဖက်မှုရှိမယ်လို့ပရိတ်သတ်တွေကယုံကြည်နေကြပါတယ်။

Dorothy Company ရဲ့ပြောပြချက်အရ Chanyeol က တွေ့ဆုံပွဲတစ်ခုမှာ ဒီသီချင်းကို Shin Seung Hoon တီးပြပြီးပြီးချင်းပဲလက်ခံခဲ့တာပါတဲ့။ Ocean View သီချင်းဟာ ဩဂုတ်လ ၁၃ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ခြောက်နာရီအှာထွက်ရှိလာမှာဖြစ်လို့ စောင့်ကြည့်နားထောင်ဖို့ အဆင်သင့်ပဲလား?

Source : Soompi
Written : Helra

Share