Categories: Celebrity News

ပရိတ်သတ်တွေ သဘောကျမဆုံး ဖြစ်နေကြတဲ့ Jennie ရဲ့ Samsung Galaxy Note 20 ကြော်ငြာ

Jennie ရဲ့အစွမ်းကို ပြောရမယ်ဆိုရင်တော့ ကြော်ငြာဗီဒီယိုလေးတစ်ခုနဲ့တောင် ပရိတ်သတ်တွေကို အုတ်အော်သောင်းနင်းဖြစ်အောင် ဖမ်းစားနိုင်တာပါ။

အခုလဲ ဩဂုတ်လ ၇ ရက်နေ့ကမှ ထွက်ရှိတဲ့ Samsung Galaxy Note 20 ရဲ့ ကြော်ငြာအသစ်မှာ Jennie ရဲ့ ရင်သပ်ရှုမောစရာ visual ကို ပရိတ်သတ်တွေ သဘောမကျပဲ မနေနိုင်အောင်ဖြစ်ခဲ့ရပါတယ်။

Jennie အပါအဝင် BLACKPINK အဖွဲ့ဝင်တွေအားလုံးဟာ Samsung နဲ့ လက်တွဲလုပ်ကိုင်ခဲ့တာ ကြာပြီဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ Jennie တစ်ဦးတည်း Galaxy Note 20 Mystic Red အတွက် ကြော်ငြာရိုက်ကူးပေးခဲ့တာပါ။

Jennie ရဲ့ရှင်းသန့်ကြည်လင်နေတဲ့ မျက်နှာအလှကို အသားပေးရိုက်ကူးထားတာဖြစ်လို့ ပရိတ်သတ်တွေကတော့ Samsung က ဖုန်းကြော်ငြာတာလား လူကြော်ငြာတာလားလို့ နောက်ပြောင်နေကြပါတယ်။

CF ထဲမှာတော့ Jennie ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဖျော့တော့တဲ့အလှလေးကြောင့် Galaxy Note 20 Mystic Red ရဲ့ အနီရောင်ထည်ဝါမှုနဲ့ ခမ်းနားတဲ့အသွင်ဟာ ပိုပြီးအသက်ဝင်လာတာ တွေ့ရမှာပါ။

လက်နဲ့ထိတာနဲ့ ရောင်းထွက်တယ်လို့ တင်စားရတဲ့ sold out queen Jennie ဟာ ဒီတစ်ခေါက်မှာလဲ Galaxy Note 20 ရဲ့ရောင်းအားကို ဘယ်လိုမြင့်တင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ CF video လေးကို မကြည့်ရသေးရင်လဲ ကြည့်ပြီး ပိုက်ဆံစုကြဖို့ မမေ့နဲ့ဦးနော်။

Source : Koreaboo
Written : Dar Dar

Share