Categories: Celebrity News

ယောက်ဖဖြစ်သူ Kim Min Joon အတွက် နှစ်ခုမရှိနိုင်တဲ့မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ G-Dragon

Big Bang ရဲ့ ခေါင်းဆောင်ကြီး G-Dragon ကမိသားစုအပေါ်ကောင်းတဲ့သူဆိုတာ သူ့‌ယောက်ဖကိုပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကိုကြည့်ပြီး သိနိုင်ပါတယ်။


သြဂုတ်လ ၄ ရက်နေ့တုန်းက G-Dragon ရဲ့အစ်မဖြစ်သူ Kwan Da Mi ကသူမရဲ့ instagram စာမျက်နှာမှာ သူမရယ် Kim Min Joon ရယ် G-Dragon ရယ် စုပေါင်းကျင်းပတဲ့ မွေးနေ့ပွဲ ပုံတွေပရိတ်သတ်ကိုချပြခဲ့ပါတယ်။

သူမတို့သုံးယောက်လုံး နွေရာသီဖွားတွေဖြစ်တာကြောင့် မွေးနေ့ကိုဒိလိုပဲ တူတူကျင်းပလေ့ရှိပါတယ်တဲ့။ သူမတို့မွေးနေ့ပွဲအစားအသောက်တွေက သွားရည်ကျချင်စရာတွေချည်းပါပဲ။ ဖယောင်းတိုင်အဆန်းလေးနဲ့ စတော်ဘယ်ရီကိတ်လေးတစ်လုံးလည်း ပါပါသေးတယ်။

နောက်တစ်ပုံကတော့ အခန်းထောင့်မှာထောင်ထားတဲ့ ကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ motorbike လေးပါ။ G-Dragon က သူကိုယ်တိုင်ဒီဇိုင်းဆွဲပြီး သူ့ယောက်ဖကိုမွေးနေ့လက်ဆောင်ပေးခဲ့ပုံပါပဲ။

ဒီပုံနဲ့ပတ်သက်ပြီး အစ်မ Kwon Dami က “ကြသ်နာတတ်တဲ့ မောင်လေးကတော့ လက်ဆောင်ပေးပြီးပြီနော် ။ Min Joon ကရောဘာပေးမှာလဲ” လို့ပါအပြောင်အပျက်မေးခဲ့ပါသေးတယ်။

Kwon Dami နဲ့ Kim Min Joon တို့က ပြီးခဲ့တဲ့နှစ်မောက်တုဘာလက လက်ထပ်ထားတာဖြစ်ပြီး မိသားစုဝင်ဖြစ်လာတဲ့ဒီလိုအချိန်တိုလေးအတွင်းမှာ သမီးယောက်ဖနှစ်ယောက် ရင်းနှီးလာကြပုံလေးက ကြည်နူးစရာပါ။

Source : SBS Star
Written : Helra

Share