Categories: Celebrity News

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး နောက်ဆုံးပိုင်းမှာ အောင်မြင်မှုတွေ သိမ်းပိုက်ခဲ့တဲ့ Backstreet Rookies

Backstreet Rookies နောက်ဆုံးထုတ်လွှင့်တဲ့အပိုင်းမှာ တစ်ခါမှမရဘူးတဲ့ အမြင့်ဆုံး Viewer Rating ရရှိခဲ့ပါတယ်။ Ji Chang Wook နဲ့ Kim Yoo Jung တို့ပါဝင်တဲ့ အချစ်ဟာသဇာတ်လမ်းတွဲလးတစ်ခုဖြစ်တဲ့ Backstreet Rookies ကဩဂုတ်လ ၈ ရက်နေ့မှာနောက်ဆုံးအပိုင်းကိုထုတ်လွှင့်ခဲ့ပြီး အဲဒီအပိုင်းမှာပဲ viewer rating အများဆုံးကိုပိုင်ဆိုင်ခဲ့ပါတယ်။

Nielsen Korea ရဲ့ထုတ်ပြန်ချက်အရ ပျှမ်းမျှနိုင်ငံတွင်း rating က ၆.၃% ကနေ ဒီအပိုင်းမှာ ၉.၅% အထိတက်သွားခဲ့တာပါ။ အဲဒီအရင်အပိုင်းကထက် viewership ခုန်တက်သွားရုံသာမက ထုတ်လွှင့်နေတဲ့တစ်လျှောက်လုံးအများဆုံးပါ။

ဇာတ်လမ်းတွဲပြီးဆုံးသွားတဲ့အတွက် ရင်ထဲမှာဟာတာတာနဲ့ လွမ်းနေရတော့မှာဆိုပေမယ့် ဒီလိုမျိုး ဝေဖန်သံတွေကို ကြံ့ကြံ့ခံင်္ပြီး နောက်ဆုံးပိုင်းအထိ အောင်မြင်မှုတွေရယူခဲ့တဲ့ Backstreet Rookies တစ်ဖွဲ့သားလုံးအတွင် ဂုဏ်ယူပါတယ်နော်။ ဒီစနေ တနင်္ဂနွေဇာတ်လမ်းတွဲနေရာမှာ Jon Won နဲ့ Kim Hee Sun တို့ရဲ့ Sci Fi ဇာတ်လမ်းတွဲ Alice ကိုဆက်လက်ထုတ်လွှင့်သွားမှာပါ။

Source : Soompi
Written : Helra

Share