Categories: Celebrity News

ပရိတ်သတ်တွေကို နှုတ်ဆက်စကားပြောခဲ့ကြတဲ့ It’s Okay To Not Be Okay မှအဖွဲ့သားများ

tvN မှထုတ်လွှင့်တဲ့ It’s Okay To Not Be Okay ပရိတ်သတ်ကြီးနဲ့ ခွဲခွာဖို့အချိန် ရောက်ရှိလာခဲ့ပါပြီ။ သြဂုတ်လ ၉ရက်နေ့မှာတော့ နောက်ဆုံးအပိုင်းကို ထုတ်လွှင့်ခဲ့တာပါ။ ဇာတ်လမ်းတွဲ ပြီးဆုံးသွားတာနှင့် ပက်သက်ပြီးတော့ It’s Okay အဖွဲ့သားတွေကတော့ ပရိတ်သတ်တွေကို နှုတ်ဆက်စကား ပြောထားကြပါတယ်။

Moon Kang Tae ဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင် နိုင်ခဲ့သော Kim Soo Hyun ကလည်းပရိတ်သတ်တွေနဲ့ ခွဲရတော့မှာမို့ ဝမ်းနည်းနေတဲ့ပုံပါပဲ။ သူရဲ့နှုတ်ဆက် စကားကတော့ ” ကျွန်တော်တို့ရဲ့ ဇာတ်လမ်းတွဲကို ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒါရိုက်တာ၊ စာရေးဆရာ၊ ပါဝင်ကြတဲ့သရုပ်ဆောင်တွေ၊ ဝန်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းတွဲက အားလုံးကိုတစ်စုံတစ်ခု အထောက်အကူပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

Go Moon Young အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Seo Ye Jibကလည်း ” Go Moon Young ဟာအပြင်ပိုင်းမှာ အေးစက်ပြီး၊ရက်စက်တတ်တယ်လို့ မြင်ရပင်မဲ့ အမှန်တော့သူက အထီးကျန်နေတဲ့သူတစ်ယောက်ပါ။ ကျွန်မကိုယ်တိုင်လည်း သူမဘယ်လောက် နာကျင်ခံစားခဲ့ရတယ်ဆိုတာကို ခံစားမိတယ်။

Moon Kang Tae နဲ့ Moon Sang Tae တို့နှင့် ဆုုံပြီးမှ ပျော်စရာကောင်းလာခဲ့တဲ့ သူမရဲ့ဘဝလေးအတွက်လည်း ဝမ်းသာမိပါတယ်။ Go Moon Young ကိုဝိုင်းပြီး ချစ်ပေးကြသလို ကျွန်မကိုလည်းချစ်ပေးတဲ့ ပရိတ်သတ်တွေကို အထူးကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

ပရိတ်သတ်တွေ ချီးကျူ းထောပနာပြုမှုကို ရခဲ့တဲ့ Oh Jung Se ကလည်းသူ့ရဲ့ Moon Sang Tae ကာရိုက်တာနှင့် ပက်သက်ပြီးအမှတ်တရတွေကို မျှဝေခဲ့ပါတယ်။ “ကျွန်တော်ကတော့ Moon Sang Tae ကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

သူ့ကြောင့် ကျွန်တော့်ရဲ့ အမြင်တွေလည်း ပြောင်းခဲ့ရပါတယ်။ ကျွန်တော် သရုပ်ဆောင်ခဲ့ဖူးတဲ့ ကာရိုက်တာတွေထဲမှာ Moon Sang Tae ကတော့ အရိုးသားဆုံးနဲ့ အကြင်နာတတ်ဆုံး လူသားတစ်ယောက်ပါပဲ။

Moon Sang Tae နဲ့အတူတူ ပျော်ရွှင်ပေးခဲ့၊ ဝမ်းနည်းပေးခဲ့တဲ့ ပရိတ်သတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။” It’s Okay To Not Be Okay ဇာတ်လမ်းတွဲ ဟာဆိုရင်အခုအချိန်မှာတော့ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းတစ်လျှောက် စိတ်ဝင်စားစရာတွေနှင့် ပြည့်နှက်ခဲ့ပြီး အဆုံးအထိလည်း ဇာတ်ရှိန်လျော့မသွားခဲ့တဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ အားလုံးလည်း နှမြောတသဖြစ်နေကြ လိမ့်မယ်လို့ထင်ပါတယ်။ အခုလို ပရိတ်သတ်တွေကို ကောင်းမွန်တဲ့ အနုပညာလက်ရာတစ်ခု ပေးနိုင်ခဲ့တဲ့ It’s Okay To Not Be Okay တစ်ဖွဲ့သားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပြီးစာကိုအဆုံးသတ်လိုက်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share