Categories: Celebrity News

သည်းထိတ်ရင်ဖို Psycho ကားမှာပါဝင်သရုပ်ဆောင်သွားမယ့် Yeo Jin Goo နဲ့ Shin Ha Kyun

JTBC က ရိုက်ကူးထုတ်လွှင့်သွားမယ့် “Monster” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်မှာ Yeo Jin Goo နဲ့ Shin Ha Kyun တို့ပါဝင်သရုပ်ဆောင်သွားဖို့ အတည်ပြုလိုက်ပါပီ။ ဒီဇာတ်လမ်းတွဲဟာ Yeo Jin Goo ရဲ့ Hotel Del Luna” ပီးနောက်ပါဝင်သရုပ်ဆောင်တဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်ပါတယ်။

ဒဇာတ်လမ်းတွဲကတော့ သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်ပြီး ကွင်းဆက်လူသတ်သမားကိုဖမ်းဖို့ကြိုးစားရင်း စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေကိုပါ ဖောက်ဖျက်ဖို့ဖြစ်လာရတဲ့ စုံထောက်နှစ်ယောက်အကြောင်းကို ရိုက်ကူးသွားမှာပါ။

Yep Jin Goo ကတော့ သူဘာကြောင့် ဒီဇာတ်လမ်းတွဲကို ရွေးချယ်ခဲ့တာလဲ ဆိုတာကိုတော့ ဒီလိုပဲ ပြောသွားပါတယ်။ ” Monster မှာတင်ဆက်ထားတဲ့ တခြားသည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ ထူးခြားမှုကို သဘောကျလို့ ကျွန်တော်ရွေးချယ်ဖြစ်ခဲ့တာပါ။

ကျွန်တော် စုံထောက် Han Joo Won ဆိုတဲ့ ကာရိုက်တာနဲ့ ပရိတ်သတ်တွေကို နဂိုနဲ့မတူညီတဲ့ကျွန်တော့်ရဲ့ပုံစံသစ်ကို ချပြနိုင်လ်ရိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါ့ကြောင့် ကျွန်တော်လည်း စိတ်လှုပ်ရှားမျှော်လင့်မိပါတယ်။”

“Monster” ကိုတော့ ၂၀၂၁ ပထမနှစ်ဝက်မှာ ထုတ်လွှင့်ပြသဖို့ရည်ရွယ်ထားတယ်လို့ ကြေညာထားပါတယ်။ ၂၀၂၁ အတွက်တော့ ကြည့်ရမယ့် ဇာတ်လမ်းတွဲသစ် တခုတိုးပီပေါ့နော်။

Source: Soompi
Written: Gyi Gyi

Share