Categories: Celebrity News

ရုပ်ရှင်အသစ် ‘Diva’ မှာ အားကစားသမားအနေနဲ့ မြင်တွေ့ရမယ့် Shin Min Ah

Tomorrow With You ဇာတ်လမ်းတွဲအပြီး ပထမဆုံးအနေနဲ့ ဖန်သားပြင်ပေါ်မှာ ပြန်လည်ရောက်ရှိလာမယ့် Shin Min Ah ကိုတော့ ရုပ်ရှင်အသစ်မှာ မတူညီတဲ့ပုံစံနဲ့ တွေ့မြင်ရတော့မှာပါ။ အမြဲတမ်း အပြစ်ကင်းပြီး သိမ်မွေ့တဲ့ပုံစံလေးနဲ့ မြင်တွေ့ရလေ့ရှိတဲ့ Shin Min Ah ဟာ ဒီတစ်ခေါက်မှာတော့ ဒိုင်ဗင်ထိုးအားကစားသမားတစ်ဦးအနေနဲ့ တွေ့ရမှာပါ။

Thriller-mystery အမျိုးအစားဖြစ်တဲ့ ရုပ်ရှင်သစ် ‘Diva’ ထဲမှာ Shin Min Ah ရဲ့ကာရိုက်တာကတော့ ကားအက်ဆီးဒန့်တစ်ခုကြောင့် မှတ်ဉာဏ်လဲပျောက်ဆုံးခဲ့ရသလို အချစ်ဆုံးသူငယ်ချင်းကိုပါ ဆုံးရှုံးခဲ့ရပြီး ဘဝကိုခက်ခဲပင်ပန်းစွာ ဖြတ်သန်းနေရတဲ့ ဒိုင်ဗင်ထိုးရေငုပ်အားကစားမယ် Lee Young အဖြစ် ပါဝင်သွားမှာပါ။

ထွက်ရှိလာတဲ့ ရုပ်ငြိမ်ဓာတ်ပုံတွေအရတော့ Shin Min Ah ဟာ ကာရိုက်တာအတွက် မျက်နာအမူအရာနဲ့ အကြည့်တွေသာမက ကိုယ်ခန္ဓာကြံ့ခိုင်တဲ့ပုံစံပေါက်အောင် ကြိုးစားပြင်ဆင်ထားပုံပါပဲ။

ကြွက်သားတက်အောင် လေ့ကျင့်ခန်းလုပ်ထားပြီး အမြင့်ကြောက်တဲ့ရောဂါရှိပေမယ့် စိတ်ကိုတင်းပြီး ဒိုင်ဗင်ထိုးတဲ့ဘုတ်ပြားပေါ်ကို သဘာဝကျကျ တက်နိုင်ကာ professional diver တစ်ဦးအဖြစ် ပီပြင်တဲ့အထိ သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။ Diva ရုပ်ရှင်ကိုတော့ ကိုရီးယားမှာ စက်တင်ဘာလက စတင်ပြသမယ်လို့ သိရပါတယ်။

Source : Soompi
Written : Dar Dar

Share