Categories: Celebrity News

ပရိတ်သတ်တွေရဲ့ ဆန္ဒကိုအထမြောက်သွားအောင် ပုံဖော်ပေးခဲ့တဲ့ B.I

B.I ကတော့ သူ့ရဲ့ လတ်တလောမှာ လုပ်ရပ်တစ်ခုကြောင့် ပရိတ်သတ်တွေထံမှ လေးစားမှုကို ထပ်မံရရှိလိုက်ပြန်ပါပြီ။ လူအများစုကလည်း သူ့ရဲ့အပြုအမူကို ချီးကျူးနေကြပြီး နိုင်ငံပေါင်းအတော်များများရဲ့ Twitter trend ကိုလည်း နေရာယူနိုင်ခဲ့ပါတယ်။

iKON အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ B.I ( Kim Hanbin) ဟာမကြာသေးမီကပင် လိုအပ်နေတဲ့အဖွဲ့အစည်းတွေကို လှူဒါန်းမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် B.I ဟာ ၂၀၁၆ ကတည်းက ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့အစည်းကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာလည်း B.I ဟာ အဆိုပါအဖွဲ့စည်းတွေကို သွားရောက်လှူဒါန်းခဲ့ပြီး ကလေးများအတွက် လက်ဆောင်များပါ ပေးဝေခဲ့တယ်လို့ သိရပါတယ်။

ယခု သြဂုတ်လ ၁၀ရက်နေ့မှာတော့ B.I ဟာ Angel’s Haven For Children အဖွဲ့အစည်းမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ပရိတ်သတ်တွေကို ပိုပြီးအံအားသင့်စေခဲ့တာကတော့ အဆိုပါ အဖွဲ့အစည်းဟာ အရင်တုန်းက ပရိတ်သတ်တွေက B.I အတွက် ရည်ရွယ်ပြီး လှူဒါန်းမှုများပြုလုပ်ခဲ့ဖူးတဲ့ အဖွဲ့အစည်းပါ။

ထိုအချိန်တုန်းက B.Iရဲ့ ပရိတ်သတ်တွေက ဂေဟာမှ ကလေးများအတွက် ခြေအိတ်များလှူဒါန်းခဲ့တာဖြစ်ပြီး နောက်တစ်ခါ လာလှူဖြစ်ခဲ့ရင်တော့ ဖိနပ်လှူမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကို သတိထားမိတဲ့ B.I ကအခုမှာတော့ ပရိတ်သတ်တွေကိုယ်စား သူကပဲ ကလေးတွေအတွက် ဖိနပ်တွေလှူဒါန်းခဲ့တာပါ။ ဒီလိုပရိတ်သတ်တွေရဲ့ ဆန္ဒကိုလည်းအလေးထား၊ အလှူအတန်းလည်း ရက်ရောလှတဲ့ B.I ကို အားလုံးက ဝိုင်းပြီးချီးကျူးထောပနာပြူနေကြပါတယ်။

အခုလို လူသားချင်းစာနာတဲ့စိတ်သာမက ပရိတ်သတ်တွေကိုအရမ်းအလေးထားတတ်တဲ့ B.I တစ်ယောက် နောက်ထပ်လျှောက်လှမ်းမယ့် အနုပညာခရီးလမ်း ဖြောင့်ဖြူးပါစေလို့ Myanmar Cele Bar page မှဆုတောင်းပေးလိုက်ပါတယ်။

Source: allkpop
Written: Phoo Phoo

Share