Categories: Celebrity News

အသစ်ထွက်ရှိမယ့် သီချင်းအသစ်အတွက် 1st Teaser ဓာတ်ပုံတွေထုတ်ခဲ့တဲ့ BTS

BTS ရဲ့အသစ်ထွက်ရှိမယ့်သီချင်း Dyanamite အတွက် Teaser ဓာတ်ပုံတွေ ထွက်ရှိလာခဲ့ပါပြီ။ ဇူလိုင် ၂၆ရက်နေ့မှာ BTS အဖွဲ့ဟာ ပရိတ်သတ်တွေအတွက် အားတက်စေမယ့်လက်ဆောင်တစ်ခု ပေးမယ်ဆိုပြီး အသိပေးခဲ့ပါတယ်။

အဲ့ဒါကတော့ English လိုဆိုထားတဲ့ သီချင်းအသစ်တစ်ပုဒ်ကို ယခုသြဂုတ်လထဲမှာ ထုတ်မှာပဲဖြစ်ပါတယ်။ Dynamite လို့အမည်တွင်တဲ့ အဆိုပါသီချင်းဟာ ယခုလောလောဆယ်မှာ တွေကြုံနေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ အားတစ်ခွက်ဖြစ်စေရန် ရည်ရွယ်ထားပါတယ်။

ဒါနှင့်ပက်သက်ပြီးလည်း အဖွဲ့ဝင်ဖြစ်တဲ့ V ကတော့ ” ကျွန်တော်တို့ အားလုံးအတွက် အဆင်ပြေစေဖို့ English လိုပဲဆိုဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါက အသစ်အဆန်းလည်းဖြစ်ပြီး မိုက်မယ်လို့လည်း ထင်ပါတယ်။” ဆိုပြီးပြောခဲ့ပါတယ်။

ယခုအခါမှာတော့ အဆိုပါသီချင်းအသစ်အတွက် teaser ဓာတ်ပုံတွေကို ပထမဆုံးအကြိမ် ထုတ်ခဲ့ပါတယ်။ Dynamite ဆိုတဲ့ သီချင်းနဲ့လိုက်ဖက်အောင်ကို ဓာတ်ပုံတစ်ခုချင်းစီတိုင်းကို ဖန်တီးထားတာလည်း တွေ့ရမှာပါ။

အချိန်ဇယားအရတော့ နောက်ထပ်ထွက်ရှိမယ့်Teaser ဓာတ်ပုံတွေကို သြဂုတ်လ ၁၃ ရက်နေ့နှင့် ၁၆ ရက်နေ့မှာ မြင်တွေ့ရမယ်လို့သိရပါတယ်။

သီချင်းနမူနာကိုတော့ သြဂုတ်လ ၁၉ရက်နေ့မှာ ထုတ်လွှင့်မှာဖြစ်ပြီး သြဂုတ်လ ၂၁ရက်နေ့မှာတော့ သီချင်းအသစ်တစ်ပုဒ်လုံးကို ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင်မို့ BTS ရဲ့သီချင်းအသစ်ကို အားပေးဖို့ အသင့်ပြင်ထားလို့ ရပါပြီနော်။ Dynamite ကိုအားပေးဖို့ အဆင်သင့်ဖြစ်ပြီလား Cele Bar ပရိတ်သတ်ကြီးရော …

Source: Koreaboo
Written: Phoo Phoo

Share