Categories: Celebrity News

Debut တာနဲ့ ကမ္ဘာတစ်လွှားအောင်မြင်မှုရရှိခဲ့တဲ့အပေါ် Treasure အဖွဲ့ဝင်တွေရဲ့ ဖွင့်ဟမှု

ပရိတ်သတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ YG Entertainment ရဲ့အဖွဲ့သစ်ဖြစ်တဲ့ Treasure ကတော့ ဩဂုတ်လ ၇ ရက်နေ့မှာ စောင့်စားရကျိုးနပ်တဲ့ The First Step : Chapter One ဆိုတဲ့ single album နဲ့ တရားဝင်ပွဲဦးထွက်ခဲ့ပါတယ်။

သူတို့ရဲ့ သီချင်းသစ်ဖြစ်တဲ့ ‘Boy’ နဲ့လဲ ကမ္ဘာတစ်လွှားအောင်မြင်မှုတွေ ရရှိခဲ့ပြီး သီချင်းထွက်ရှိပြီးမကြာခင်မှာပဲ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ iTunes ရဲ့ နံပါတ် ၁ ကိုရောက်ခဲ့ပြီး YouTube မှာလဲ ၂၆ နာရီအတွင်း view ပေါင်း ၁၄,၀၀၀,၀၀၀ တောင် ရရှိခဲ့ပါတယ်။ ပွဲဦးထွက်ကာစ အဖွဲ့အတွက်တော့ အတော်လေးကြီးမားတဲ့ အောင်မြင်မှုပါပဲ။

ဒီလိုကမ္ဘာတစ်လွှားက အောင်မြင်မှုတွေအတွက်တော့ ဩဂုတ်လ ၁၀ ရက် YGX အဆောက်အဦမှာ ကျင်းပခဲ့တဲ့ အင်တာဗျူးမှာ အဖွဲ့ဝင်တွေက သူတို့ရဲ့အမြင်နဲ့ ကျေးဇူးတင်စကားတွေကို အသီးသီး ဖွင့်ဟခဲ့ပါတယ်။

Bang Yedam ကတော့ “စံချိန်တွေမှတ်တမ်းတွေနဲ့ ပတ်သတ်ပြီး အထူးတလည်မျှော်လင့်ထားတာမျိုး မရှိခဲ့ပါဘူး။ ကျွန်တော်တို့အားလုံး ဖျော်ဖြေမှုတွေ ရိုက်ကူးရေးတွေအတွက်ပြင်ဆင်ပြီး အလုပ်များနေကြတာမို့ ဒီလိုဖြစ်လာမယ်လို့ မတွေးခဲ့ဘူး။ အရမ်းကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

အထူးသဖြင့် ဂျပန်နိုင်ငံရဲ့ Line Music Chart မှာ ပထမနေရာကို ဦးဆောင်ထားပြီး iTunes Chart မှာ တတိယနေရာရရှိခဲ့ကာ အောင်မြင်ခဲ့တဲ့အပေါ်ကိုလဲ Choi Hyunsuk က “ကျွန်တော်တို့မှာ ဂျပန်အဖွဲ့ဝင် ၄ ဦးတောင်ပါတာကြောင့် ဂျပန်ပရိတ်သတ်တွေက အားပေးခဲ့ကြတယ်လို့ထင်ပါတယ်” လို့ ပြောခဲ့ပါသလို Park Jihoon ကလဲ “ဂျပန်အဖွဲ့ဝင်တွေကြောင့် ဂျပန်ပရိတ်သတ်တွေဆီက အာရုံစိုက်မှုရဖို့ ပိုလွယ်သွားတယ်” လို့ ဖြည့်စွက်ခဲ့ပါတယ်။

Treasure အဖွဲ့ကတော့ YG Treasure Box အစီအစဉ်ကနေ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး ဒီကြားထဲမှာ debut အတွက် ကြန့်ကြာနေတာမို့ ပရိတ်သတ်တွေ အကြာကြီးစောင့်ဆိုင်းခဲ့ရတာပါ။ YG Entertainment ရဲ့ လေးနှစ်အတွင်းမှာ ပထမဆုံး ပွဲထုတ်ပေးခဲ့တဲ့ အဖွဲ့လဲဖြစ်ပါတယ်။

Source : Koreaboo
Written : Dar Dar

Share