Categories: Celebrity News

၄ နှစ်ကြာပြီးမှ Pawn ရုပ်ရှင်နဲ့ပရိတ်သတ်ရှေ့ကိုတစ်ဖန်ပြန်ရောက်လာတော့မယ့် Ha Ji Won

Pawn ရုပ်ရှင်မှာ မင်သားကြီး Song Dong Il သူပိုင်နိုင်တဲ့ ဇာတ်ရုပ်ဖြစ်တဲ့ အပြင်ပန်းမာကျောပေမယ့် စိတ်ထားနူးညံ့တဲ့ နေ့တိုးချေးစားတဲ့ Doo Seok အနေနဲ့ပါဝင်ထားပါတယ်။

တစ်နေ့ နိုင်ငံတွင်းမှာတရားမဝင်နေထိုင်နေတဲ့ Myung Ja(Kim Yoon Jin) နဲ့ဆုံပြီးကို Myung Ja ကသူ့ရဲ့သမီးငယ်လေး Seung Ri ကိုအပေါင်ပစ္စည်းအနေနဲ့ထားပြီး ငွေချေးခဲ့ပါတယ်။

Myung Ja ထွက်ပြေးသွားပြီးတဲ့နောက်မှာတော့ Seung Ri ကို Doo Seok ကပဲမွေးစားဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီ Seung Ri ရဲ့ငယ်ဘဝကကလေးသရုပ်ဆောင် Park So Ri ဖြစ်ပြီး Ha Ji Won က အသက်ကြီးလာတဲ့ Seung Ri နေရာမီာပါဝင်သွားမှာဖြစ်ပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့မှာထုတ်ပေးတဲ့ ရုပ်ရှင်ထဲကသူမရဲ့ပုံတွေအရ နေ့တိုးချေးစားသူရဲ့လက်အောက်မှာကြီးပြင်းလာရပေမယ့် အလုပ်အကိုင်အတည်တကျရှိပုံရပြီး သပ်သပ်ရပ်ရပ်လေးဖြစ်နေတာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်အိမ်လးတစ်ခုဖြစ်လာမှာပါ။

ဒါက ၄ နှစ်ကြာမှ Ha Ji Won ကိုပြန်မြင်တွေ့ရမယ့် ရုပ်ရှင်တစ်ခုဖြစ်ပြီး ပရိတ်သတ်တွေက Ha Ji Won, Sung Dong Il နဲ့ Doo Seok ရဲ့လက်ထောက်အနေနဲ့သရုပ်ဆောင်သွားမယ့် Kim Hee Won တို့ဘယ်လိုအချိတ်အဆက်မိမိသရုပ်ဆောင်သွားမလဲဆိုတာ စိတိဝင်စားနေကြပါတယ်။

ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းကိုဖတ်ပြီးတော့ ငိုခဲ့ရတယ်လို့ Ha Ji Won ကိုယ်တိုင်ကဝန်ခံခဲ့ပြီး ဒီခေတ်ကာလအခြေအနေမှာတစ်ကယ်ကိုလိုအပ်တဲ့ရုပ်ရှင်တစ်ခုပါတဲ့။ ဒီဇာတ်လမ်းကို စက်တင်ဘာလထဲမှာ ထုတ်လွှင့်သွားမှာဖြစ်လို့ ပရိတ်သတ်တို့ရော ကြည့်ဖို့အဆင်သင့်ပဲလား?

Source : Soompi
Written : Helra

Share