Categories: Celebrity News

Love Playlist- Season 5 မှာ တွဲဖက်သရုပ်ဆောင်ဖို့ရှိနေတဲ့ NCT Jaehyun နဲ့ Park Hye Soo

ဩဂုတ်လ ၁၁ ရက်နေ့ သတင်းတွေအရ Park Hye Soo ဟာ Love Playlist – Season 2 မှာ ပါဝင်သရုပ်ဆောင်သွားဖို့ ကမ်းလှမ်းခံထားရပါတယ်။ Love Playlist – Season 5 ဟာ ခေါင်းဆောင်မင်းသားနေရာအတွက် NCT အဖွဲ့မှ Jaehyun ကိုလည်း ကမ်းလှမ်းထားတာပါ။

ဒါ့ကြောင့် နှစ်ဖက်လုံးမှ လက်ခံလိုက်ရင်တော့ အတူတူတွဲဖက်သရုပ်ဆောင်ကြမှာပဲ ဖြစ်ပါတယ်။ Love Playlist ဟာ လူကြိုက်များ အားပေးမှု များစွာရထားတဲ့ Web Series ဖြစ်ပါတယ်။ Love Playlist ကို ၂၀၁၇ မှစတင်ကာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး Season ၄ ခု ထုတ်လွှင့်ပြသခဲ့ပြီးပါပီ။

Season 5 ကိုတော့ ၂၀၂၁ မှာ ထုတ်လွှင့်ပြသဖို့ လျာထားပါတယ်။ ဒီဇာတ်လမ်းတွဲကို Jaehyun ပါဝင်သရုပ်ဆောင်ဖို့လက်ခံမယ်ဆိုရင်တော့ ဒါဟာ သူ့ရဲ ပထမဆုံး သရုပ်ဆောင်အနေနဲ့ ပွဲဦးထွက် ဇာတ်လမ်းဖြစ်လာမှာပါ။ Park Hye Soo အတွက်လည်း ၄ နှစ်ကြာပြီးနောက်သူပထမဆုံးပြန်လည်သရုပ်ဆောင်မယ့် ဇာတ်လမ်းဖြစ်လာမှာ ဖြစ်ပါတယ်။

Source: Allkpop
Written: Gyi Gyi

Share