Categories: Celebrity News

တောင်ကိုရီးယားနိုင်ငံ ရေဘေးအတွက် ထပ်မံလှူဒါန်းခဲ့ကြတဲ့ K အနုပညာရှင်များ

တောင်ကိုရီးယားနိုင်ငံမှာ စံချိန်တင်မိုးများမှုကြောင့် ရေးကြီးရေလျှံတွေ ဖြစ်ခဲ့ပြီး တောင်ကိုရီးယားအလယ်ပိုင်း တောင်ပိုင်းဒေသတွေမှာ အိမ်ခြေတွေပါ ရေနစ်မြုပ်ခဲ့တာကြောင့် ဒေသအချို့ကပြည်သူတွေ ဘေးကင်းရာကိုရွှေ့ပြောင်းရတဲ့အထိ ဘေးအန္တရာယ်ကျရောက်ခဲ့တာပါ။

K အနုပညာရှင်တွေကတော့ ရေကြီးရေလျှံမှုစတငါဖြစ်ပွားခဲ့စဉ်ကတည်း ရေဘေးသင့်ဒေသဆီကို တောက်လျှောက်လှူဒါန်းခဲ့ကြပါတယ်။ အခုလဲကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းခဲ့တဲ့အနုပညာရှင်တွေ ထပ်မံပေါ်ထွက်လာပြန်ပါပြီ။

ဩဂုတ်လ ၆ ရက်နေ့မှာတော့ GOT7 အဖွဲ့က Jinyoung ဟာ Korea Disaster Relief Association ကို ကိုရီးယားဝမ်သန်း ၂၀ ($16860 ခန့်) တိတ်တဆိတ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ Jinyoung က သူ့ရဲ့လှူဒါန်းမှုကို မီဒီယာတွေဆီ မကြေညာခဲ့သလို သူ့ရဲ့အေဂျင်စီကိုတောင်အသိမပေးခဲ့ပေမယ့် အလှူငွေလက်ခံရရှိတဲ့ Association က အတည်ပြုခဲ့တာပါ။

​မင်းသမီး Han Hyo Joo ကလဲ ဩဂုတ်လ ၉ ရက်နေ့ကထုတ်လွှင့်တဲ့ tvN ရဲ့ ‘Hometown Flex’ ဆိုတဲ့အစီအစဉ်မှာ ပါဝင်ရာက ရရှိခဲ့တဲ့အနုပညာကြေးအားလုံးကို ရေဘေးအန္တရာယ်အတော်လေး ခံစားခဲ့ရတဲ့ သူမရဲ့မွေးရပ်မြေ Chungju မြို့မှာရှိတဲ့ New Life Support Center ကို လှူဒါန်းခဲ့ပါတယ်တဲ့။

မင်းသမီး Park Shin Hye ကတော့ တောင်ကိုရီးယားတစ်နိုင်ငံလုံးက Korea Disaster Relief Association ကနေ တစ်ဆင့် ရေဘေးသင့်ပြည်သူတွေအတွက် ဝမ်သန်းပေါင်း ၁၀၀ ($ 84,300) တောင် လှူဒါန်းခဲ့ပါတယ်။

Park Bo Young လဲ လှူဒါန်းသူတွေထဲမှာ ပါဝင်ခဲ့ပါသေးတယ်။ News1 သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ Park Bo Young ကလဲ Korea Disaster Relief Association ကိုပဲ ဝမ်သန်း ၂၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Yoon Se Ah ကလဲ Korea Disaster Relief Association ကို ဩဂုတ်လ ၆ ရက်နေ့က ဝမ် ၁၀ သန်း ($8,430) လှူဒါန်းခဲ့သလို​ Chun Woo Hee ကလဲ ဩဂုတ်လ ၇ ရက်နေ့ကပဲ အဆိုပါ Association ကိုပဲ ဝမ် ၁၀ သန်းလှူဒါန်းခဲ့ပါသေးတယ်။ Korea Disaster Association ကတော့ ရရှိတဲ့အလှူငွေတွေကို ရေဘေးသင့်ပြည်သူတွေကို ကူညီပြီး ရေဘေးကြောင့်ပျက်စီးခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ထူထောင်ဖို့ အသုံးချသွားမှာပါ။

အခုလို ဘေးအန္တရာယ်ကျရောက်နေတဲ့အချိန်မှာ ငွေကြေးတတ်နိုင်တဲ့အနုပညာရှင်တွေအနေနဲ့ တစ်ဖက်တစ်လှမ်းက ကူညီအားဖြည့်ပေးတာ ကြည်နူးစရာပါပဲ။

Source : Soompi
Written : Daelr Dar

Share