Categories: Celebrity News

U.S နဲ့ကမ္ဘာတစ်လွှားက Kpop ပရိတ်သတ်တွေအတွက် ရွေရောင်နေ့ရက်တွေဖြစ်လာမယ့် August လ

မကြာသေးခင်ကာလတွေကမှ Kpop ကိုအားပေးနှစ်ခြိုက်တဲ့ ပရိတ်သတ်တွေဟာအာရှတစ်လွှားမှာသာမက အမေရိကန်ပြည်ထောင်စုအစချီတဲ့ ကမ္ဘာတစ်လွှားမှာပါ သိသိသာသာတိုးပွားလာပါတယ်။


Kpop သီချင်းတွေကို Billboard မှာလည်းတွေ့လာရပြီး idol တွေကလည်း နိုင်ငံတကာပွဲတွေမှာသွားဖျော်ဖြေနေကြပါပြီ။ ဒါဟာ kpop အတိုင်းအတာနဲ့ဆိုရင် ပုံမှန်ထက်အများကြီးထိုးဖောက်လာခဲ့တဲ့ အနေအထားပါ။

ဒီဩဂုတ်လဟာဆိုရင် kpopper တွေအားလုံးအတွက် အထူးသဖြင့် အမေရိကန်က Kpop ပရိတ်သတ်တွေအတွက် ကြီးကျယ်တဲ့လတစ်လဖြစ်လာမှာပါနော်။ U.S ပရိတ်သတ်တွေရဲ့အသည်းစွဲ အဖွဲ့တွေထဲကမှ အဖွဲ့သုံးဖွဲ့တောင် ဒီလထဲမှာ Comeback ရှိပါတယ်။

ပထမဆုံးပြောပြပေးမယ့် Comeback ကတော့ BTS အဖွဲ့ရဲ့ Comeback ပါ။ BTS ကသူတိုရဲ့ သီချင်းသစ် Dynamite ကိုဩဂုတ်လ ၂၁ ရက်နေ့မှာဖြန့်ချီသွားမှာဖြစ်ပြီး ဒီသီချင်းဟာ တစ်ပုဒ်လုံး အင်္ဂလိပ်စာသားနဲ့မို့လို့ နိုင်ငံတကာပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အရင်ကထက်ပိုမိုရရှိထားတဲ့ Comeback ပါ။

အခုဆိုရင် teaser ပုံအချို့လည်းထွက်ရှိလာပြီမို့လို့ ပရိတ်သတ်တွေကပိုပြီးတော့တောင် ရင်ခုန်နေကြပါပြီ။ ပရိတ်သတ်တွေကတော့ ဒီသီချင်းက ယခင်ကအောင်မြင်ခဲ့တဲ့ သီချင်းတွေကိုတောင်ကျော်တက်ပြီးတော့ အကြီးကျယ်ဆုံး အောင်မြင်မယ့်သီချင်းတစ်ပုဒ်ဆိုပြီးထင်ကြေးပေးနေကြပါတယ်။ ဒီထင်ကြေးကလည်း အခုထုတ်ပေးထားတဲ့ teaser ပုံတွေနဲ့တင် မှန်နေပါပြီနော်။

နောက်ထပ်လျှမ်းလျှမ်းတောက်လာမယ့် comeback တစ်ခုကတော့ BLACKPINK ရဲ့ Comeback ပဲဖြစ်ပါတယ်။ BLACKPINK က ၂၀၁၉ ခုနှစ်တုန်းက Coachella တောင်ဖျော်ဖြေခဲ့ဖူးပြီး အမေရိကန်နိုင်ငံမှာ အအောင်မြင်ဆုံးမိန်းကလေးအဖွဲ့ဆိုရင်လည်းမမှားပါဘူးနော်။

မကြာသေးခင်ကထွက်ရှိထားတဲ့ သူတို့ရဲ့ How You Like That သီချင်းကလည်း အောင်မြင်မှုတွေသိမ်းပိုက်ခဲ့ပြီးတော့ နောက်ထပ်သီချင်းတစ်ပုဒ်ကိုလည်း ဩဂုတ်လ ၂၈ ရက်နေ့မှာထုတ်ပေးသွားမှာပါ။ ဒီသီချင်းရဲ့နာမည်ကိုတော့အခုထိအတည်ပြုပြောကြားမထားသေးပါဘူး။

U.S ပရိတ်သတ်တွေအတွက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ဒီသီချင်းမှာ Selena Gomez က featuring အနေနဲ့ပါဝင်လာမယ်လို့ သတင်းမွှေးနေပြီးတော့ ဒီသတင်းသားအမှန်ဆိုရင်တော့ တကယ်ကိုကြီးကျယ်တဲ့ပေါင်းစပ်မှုတစ်ခုဖြစ်လာမှာပါ။

BLACKPINK အနေနဲ့လည်း အောက်တိုဘာလထဲမှာ Album ထွက်ဖို့ရှိသေးတာကြောင့် ဒီ Comeback မှာပရိတ်သတ်တွေကို ထပ်မံဆွဲဆောင်နိုင်ရင်လည်း ပြောမပြတတ်အောင် ကောင်းမွန်တဲ့ရလဒ်တွေခံစားရမှာပါ။

နောက်ထပ်အောင်မြင်မယ်လို့ခန့်မှန်းထားကြတဲ့ Comeback တစ်ခုကတော့ SuperM ရဲ့ comeback ပါ။ SuperM အနေနဲ့ ဩဂုတ်လလယ်နဲ့စက်တင်ဘာလထဲမှာ comeback ရှိမယ်လို့မကြာသေးခင်ကပဲကြေညာခဲ့ပါတယ်။

SuperM က ဩဂုတ်လ ၁၄ ရက် နဲ့ စက်တင်ဘာလ ၂၅ ရက်မှာ 100 နဲ့ Tiger Inside သီချင်းကိုအသီးသီးဖြန့်ချီသွားမှာဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ Super One ဆိုတဲ့ full album ထွက်ရှိလာမှာပါ။ ဒီ comeback ကသူတို့ debut တုန်းကထက် SuperM တစ်ဖွဲ့လုံးအနေနဲ့ ပရိတ်သတ်တွေပိုမိုတိုးပွားလာလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

အခုဖော်ပြပေးသွားမှာကတော့ ဩဂုတ်လအတွင်းစောင့်ကြည့်ရမယ့် Kpop အဖွဲ့သုံးဖွဲ့ရဲ့ comeback တွေ့ါ။ ဒီ comeback သုံးခုလုံး record တွေအသီးသီးချိုးနိုင်ပြီး အောင်မြင်မှုတွေအသီးသီး ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Koreaboo
Written : Helra

Share