Categories: Celebrity News

ဆိုးဟွန်းကို ရိုက်ကူးနေဆဲ ဇာတ်လမ်းတွဲမှ နှုတ်ထွက်ပေးရန် ပရိတ်သတ်များတောင်းဆို

အခုလတ်တလောမှာ ရိုက်ကူးနေတဲ့ Day & Night ဇာတ်လမ်းတွဲဟာ မကြာသေးမှီက ဖြစ်ရပ်တွေကြောင့် အခက်အခဲ ကြုံနေရပါတယ်။ ဆိုးဟွန်းဟာ Day & Night ဇာတ်လမ်းတွဲမှာ မင်းသား Namgoong Min နှင့်အတူ တွဲဖက်သရုပ်ဆောင်မယ်ဆိုပြီး အသိပေးထားတာပါ။

ဒါပေမဲ့ ဇူလိုင်လ အစပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြသနာတွေကြောင့် Day & Night ဇာတ်လမ်းတွဲမှ ဆိုးဟွန်းအား ပယ်ထုတ်ပေးရန် ပရိတ်သတ်အချို့က တောင်းဆိုနေကြပါတယ်။ အဖွဲဝင်ဖြစ်တဲ့သူ မင်နာအား နှိပ်စက်တယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပြီးနောက်မှာတော့ ဂျီမင်ဟာ အဖွဲ့ကနေ နှုတ်ထွက်ခဲ့ရပါတယ်။

ဒါပေမဲ့ မင်နာက ဆက်လက်ပြီး သူမကိုအဲ့လိုနှိပ်စက်နေချိန်မှာ ဆိုးဟွန်းနှင့်အတူ အခြားအဖွဲ့ဝင်တွေဟာ ဘာမှမကူညီပဲ မသိချင်ယောင်ဆောင်နေခဲ့တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဆိုးဟွန်းကို Online မှာတော့ မင်နာ ဒုက္ခရောက်နေချိန်မှာ မကူညီရကောင်းလားဆိုပြီး အပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။

သို့သော် ထိုပြသနာက ကြီးသထက်ကြီးလာပြီး အခုဆိုလျှင် ပရိတ်သတ်တွေအနေနဲ့ အနိုင်ကျင့်သူ ဂျီမင် အပါအဝင် အခြားပက်သက်သူတွေကိုပါ ခွင့်မလွှတ်နိုင် ဖြစ်နေကြပါတယ်။ ဒါ့ကြောင့်ပဲ ဆိုးဟွန်းကိုပါ အခုအချိန်မှာ သူမရဲ့အနုပညာ လက်ရာအသစ်တွေကို လက်မခံနိုင်တော့တဲ့ သဘောကိုပြသနေကြတာပါ။

Day & Night ဇာတ်လမ်းတွဲမှ ဆိုးဟွန်းနှုတ်ထွက်သွားတယ်ဆိုတဲ့ အဖြစ်ကို လိုချင်နေကြတဲ့ပုံရပါတယ်။ ထိုကိစ္စနှင့် ပက်သက်တဲ့ တာဝန်ရှိသူတွေကတော့ “ကျွန်တော်တို့ဘက်ကတော့ မူလစီမံထားတဲ့အတိုင်းပဲ ဆက်လုပ်သွားမှာပါ။

ဆိုးဟွန်းဘက်က သူကိုယ်တိုင် နှုတ်ထွက်ချင်တယ်လို့ မပြောမချင်း ကျွန်တော်တို့ဘက်က မင်းသမီး ပြောင်းဖို့စိတ်ကူးမရှိပါဘူး” လို့ထုတ်ပြန်ခဲ့ပါတယ်။ ပရိတ်သတ်ကြီးရော အခုဖြစ်ရပ်တွေနဲ့ ပက်သက်ပြီး ဘယ်လိုမြင်မိပါသလဲ။ မိမိရဲ့အမြင်လေးကို ပြောခဲ့ပါဦး။

Source: Soompi
Written: Phoo Phoo

Share