Categories: Celebrity News

2020 Soribada Best K-Music ဆုပေးပွဲမှာ Daesang အပါအဝင်ဆု (၃) ဆုဆွတ်ခူးခဲ့တဲ့ BTS

နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ Soribada Best K-Music ဆုပေးပွဲကို ၂၀၂၀ ခုနှစ်အတွက်လည်း ဩဂုတ်လ ၁၃ ရက်နေ့ကကျင်းပခဲ့ပါတယ်။ BTS ကဒီပွဲကိုမတက်ရောက်ခဲ့ပေမယ့်လည်း Daesang (Grand Prize) ဆုကြီးအပြင် Bonsang (Main Prize) နဲ့ the Favourite Male Bias Award တို့ကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

BTS အဖွဲ့ဝင်တွေဟာ ဒီအောင်မြင်မှုအတွက်လည်း ပရိတ်သတ်တွေကို မမေ့မလျော့ video ကနေတစ်ဆင့်ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ ခေါင်းဆောင်ကြီး RM ကဆုရခဲ့တဲအကြောင်းအသိပေးပြီး ဒီလိုတန်ဖိုးကြီးဆုကို လက်ခံရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

Jin က “ကျွန်တော်တိုကို အမြဲအားပေးပြီးချစ်ခင်ပေးတဲ့ ARMY တွေကိုကျေးဇူးလည်းတင်ပြီး ချစ်လည်းချစ်ပါတယ်။ ARMY တွေကြောင့်သာဒီလို ဂုဏ်ယူစရာကောင်းတဲ့ ဆုကိုရခဲ့တာပါ” ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

Suga ကလည်း CEO Bang Si Hyuk အပါအဝင်နောက်ကွယ်က အလုပ်လုပ်ပေးနေသူအားလုံးကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ J-Hope အနေနဲ့လည်း သူတို့ရဲ့ ဖေဖော်ဝါရီလကထွက်ရှိခဲ့တဲ့ Map of the Soul : 7 အယ်လ်ဘမ်ကိုနားထောင်ပေးတဲ့ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ Jimin ကတော့ သူတို့ပွဲတက်ရောက်ဖို့ အဆင်မပြေမှုတွေအကြောင်းကိုတောင်းပန်ခဲ့ပြီး ပွဲမှာဖျော်ဖြေနေတဲ့ အနုပညာရှင်တွေနဲ့ စောင့်ကြည့်ပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း အဆုံးသတ်ပြောကြားခဲ့ပါတယ်။ ဒီလိုဆုကြီးကို သိမ်းပိုက်နိုင်တဲ့အတွက် BTS အတံက်ရော ARMY လေးတွေအတွက်ရော ဂုဏ်ယူပါတယ်နော်။

Source : Soompi
Written : Dar Dar

Share