Categories: Celebrity News

သူတို့နှစ်ဦးရဲ့ ခင်မင်ရင်းနှီးမှု အတိုင်းအတာကိုပြောပြခဲ့တဲ့ Lee Seung Gi နှင့် Han Hyo Joo

သြဂုတ်လ ၉ရက်နေ့က tvN မှထုတ်လွှင့်ခဲ့တဲ့ “Hometown Flex” အစီအစဉ်မှာ Lee Seung Gi နှင့် Cha Tae Hyun တို့ဟာ Chungju မြို့ကို သွားခဲ့ကြပါတယ်။ “Hometown Flex” အစီအစဉ်ဟာ Lee Seung Gi နှင့် Cha Tae Hyun တို့က မြို့ပေါင်းစုံကို ခရီးသွားပြီး၊ ထိုဒေသရဲ့ ဒေသခံတွေဖြစ်တဲ့ နာမည်ကြီး အနုပညာရှင်တွေနှင့် တွေ့ဆုံပြီး မြို့အနှံ့သွားကြတာပါ။

ဒီတစ်ပတ်မှာတော့ Chungju မြို့ရဲ့မြို့ခံများဖြစ်တဲ့ Han Hyo Joo နှင့် Lee Beom Soo တို့နှင့်တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့လိုတွေ့ကြတဲ့အခါမှာတော့ Lee Seung Gi ကသူနှင့် Han Hyo Joo တို့ကြားက ရင်နှီးမှုအတိုင်းအတာကို အခြားသူတွေသိအောင် မျှဝေပေးခဲ့ပါတယ်။ “ကျွန်တော်နဲ့ Hyo Joo အသက်တူရွယ်တူ သူငယ်ချင်းတွေပါ။

တက္ကသိုလ် တစ်ခုတည်းကိုလည်း အတူတူတက်ခဲ့ဖူးတယ်။ နောက်ပြီး အနုပညာလောကထဲ စဝင်ခဲ့တဲ့ Show ကလည်းအတူတူပဲ။ အဲ့တုန်းက Nonstop ဆိုတဲ့ Program မှာ ကျွန်တော်နဲ့ Han Hyo Joo နဲ့အတူတူပါဝင်ခဲ့ပြီး အနုပညာလောကထဲ ဝင်လာကြတာ” ဆိုပြီး သူတို့နှစ်ဦးရဲ့ ရေစက်ကို ပြောပြခဲ့ပါတယ်။

“Hometown Flex” အစီအစဉ် ရိုက်ကူးနေစဉ်မှာလည်း နှစ်ယောက်သား တကယ့်ကို သူငယ်ချင်းအရင်းအချာတွေကဲ့သို့ ငြင်းလိုက်၊စလိုက်နဲ့ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးရေးလုပ်နေတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးက မကြာခဏလည်း ဆုံးဖြစ်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

Lee Seung Gi နှင့် Han Hyo Joo တို့သူငယ်ချင်း အရင်းကြီးတွေဆိုတာကို ပရိတ်သတ်အချို့ကတော့ အခုမှသိလိုက်ရတာပါ။ Shining Inheritance ဇာတ်လမ်းတွဲမှာလည်း Lee Seung Gi နှင့် Han Hyo Joo တို့က အတူတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။

သူတို့ရဲ့ ပြောမနာဆိုမနာ ဆက်ဆံရေးကိုသိပြီးနောက် ပရိတ်သတ်တွေက သူတို့နှစ်ဦး နောက်ထပ်ဇာတ်လမ်းတွဲတစ်ခု အတူတူရိုက်စေချင်နေကြပါတယ်။ Myanmar Cele Bar ပရိတ်သတ်ကြီးရော Lee Seung Gi နဲ့ Han Hyo Joo တို့ကို Drama အတူတူရိုက်စေချင်လား ။ မိမိရဲ့အမြင်လေး ပြောခဲ့ပါဦး။

Source: Soompi
Written: Phoo Phoo