Categories: Celebrity News

Song Mino နဲ့ Kang Seungyoon တို့ရဲ့ အနုပညာလှုပ်ရှားမှုအစီအစဉ်တွေကို ပြောပြခဲ့တဲ့ YG Entertainment

YG Entertainment ရဲ့ နာမည်ကျော်ယောက်ျားလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Winner ကတော့ လက်ရှိမှာ အဖွဲ့ဝင်နှစ်ဦး စစ်မှုထမ်းနေပြီး နှစ်ဦးသာ အနုပညာအလုပ်တွေဆက်လက်လှုပ်ရှားဖို့ရှိတာကြောင့် ပရိတ်သတ်တွေဟာ ဒီနှစ်ဦးအပေါ် YG က တာဝန်မကျေမှာကို စိုးရိမ်နေကြပါတယ်။

Mino နဲ့ Yoon ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး YG Entertainment က ဩဂုတ်လ ၁၃ ရက်နေ့မှာပဲ ကြေညာချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်။ YG ရဲ့ official twitter မှာတွေ့ရတာကတော့ ပထမဆုံးအနေနဲ့ fan တွေတောင်းဆိုနေကြတဲ့ Mino ရဲ့ solo comeback အကြောင်းပါ။

Mino ရဲ့ solo album အသစ်ကတော့ အောက်တိုဘာလမှာ ထွက်ရှိမယ်လို့ တရားဝင်ကြေညာထားပါတယ်။ ဒီတစ်ခေါက်ကတော့ သီချင်း (၁၀) ပုဒ်ပါဝင်မယ့် full-length album ဖြစ်တာမို့ Mino အနေနဲ့လဲ အချိန်ယူပြင်ဆင်စရာတွေများပြီး အခုတော့ နောက်ဆုံးအချောသတ်တဲ့ အဆင့်ကိုရောက်နေပြီလို့ ဆိုပါတယ်။ MV ရိုက်ကူးပြီးတဲ့အချိန်ထိဆိုရင်တော့ အောက်တိုဘာလမှာ ထွက်မယ်လို့ ခန့်မှန်းရပါတယ်။

Kang Seung Yoon ကတော့ MBC ရဲ့ ဒရမ်မာအသစ်မှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး သူပါဝင်ရမယ့်ဇာတ်ရုပ်အတွက် ကြိုးစားပြင်ဆင်နေသလို အချိန်ရရင်ရသလို solo album အတွက်လဲ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် အလုပ်နှစ်ခုလုပ်နေရသလိုဖြစ်တာကြောင့် comeback ရက်စွဲကိုတော့ အတိအကျမပြောနိုင်သေးပါဘူးတဲ့။ နှစ်ဦးစလုံးကတော့ full album ထုတ်ဝေဖို့ ဆန္ဒရှိနေပြီး YG ကလဲ သူတို့ရဲ့ဆန္ဒကို လိုက်လျောမယ်လို့တော့ ဆိုပါတယ်။

ဆက်လက်ပြီးတော့ YG က သူတို့ဘက်ကနေ ပရိတ်သတ်တွေရဲ့ စကားကိုအမြဲနားစွင့်နေပြီး အကောင်းဆုံးတွေပေးဆပ်ဖို့ ကြိုးစားနေကြောင်းလဲဆိုပါတယ်။ YG ရဲ့စကားအရဆိုရင်တော့ စစ်မှုထမ်းနေတဲ့ Jinu နဲ့ Hoony ကို စောင့်ဆိုင်းရင်း Mino နဲ့ Yoon ရဲ့သီချင်းကောင်းတွေကို တဝကြီးနားထောင်ရဖို့ အလှမ်းမဝေးတော့ဘူးလို့ ယူဆရပါတယ်။

Source: Koreaboo
Written: Dar Dar

Share