Categories: Celebrity News

‘100’ သီချင်းကို Good Morning America မှာ ပထမဆုံး ဖျော်ဖြေမယ့် Super M

Super M အဖွဲ့ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် pre-release single ‘100’ ရဲ့ ပထမဆုံးဖျော်ဖြေမှုကိုတော့ ကိုရီးယားနိုင်ငံ music show တွေမှာမဟုတ်ပဲ ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်လွှင့်မယ့် Good Morning America အစီအစဉ်မှာ တင်ဆက်သွားမယ်လို့ ဩဂုတ်လ ၁၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

​အသစ်ထွက်ရှိလာမယ့် Super One အယ်လ်ဘမ်ရဲ့ pre-release single နှစ်ပုဒ်ထဲက ‘100’ ကိုတော့ ဩဂုတ်လ ၁၄ ရက်နေ့ ကိုရီးယားစံတော်ချိန် နေ့လည် ၁ နာရီမှာ ဖြန့်ချိသွားမယ်လို့သိရပါတယ်။

Good Morning America အစီအစဉ်မှာ မဖျော်ဖြေခင်မှာလဲ ‘100’ သီချင်းရဲ့ dance version အမျိုးမျိုးကို Super M ရဲ့ youtube channel နဲ့ SM ရဲ့ Naver TV channel မှာ တင်ပေးသွားမှာပါတဲ့။

Super M အဖွဲ့ကတော့ SM ရဲ့ထိပ်တန်း ယောက်ျားလေးအဖွဲ့တွေထဲက ဒိတ်ဒိတ်ကြဲ idol တွေနဲ့ ဖွဲ့စည်းထားတဲ့ sub-unit အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သူတို့ရဲ့ပထမဆုံးထွက်ရှိထားတဲ့ Super M အယ်လ်ဘမ်ကလဲ အံ့မခန်းအောင်မြင်မှုတွေရရှိခဲ့သလို Jopping သီချင်းကလဲ ကမ္ဘာတစ်လွှား ရေပန်းစားခဲ့ပါသေးတယ်။

Source: Soompi
Written: Dar Dar

Share