Categories: Celebrity News

BTS ရဲ့သီချင်းကိုကမိလို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ မြောက်ကိုရီယားစစ်သားသုံးဦး

မြောက်ကိုရီးယားစစ်သားသုံးဦးကတော့ တောင်ကိုရီးယားရဲ့ ယဉ်ကျေးမှုကိုဖော်ပြလို့ဆိုပြီး လတ်တလောမှာဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ အဲ့ဒါကတော့ BTS ရဲ့သီချင်းတစ်ပုဒ်ကို မြောက်ကိုရီးယားစစ်သားသုံးဦးက လူမြင်ကွင်းမှာ ကမိခဲ့လို့ပါတဲ့။

သြဂုတ်လ ၁၁ရက်နေ့မှာတော့ Daily NK ကနေထုတ်ခဲ့သတင်းအရ အသက် ၂၀ ကျော်အရွယ်ရှိတဲ့ မြောက်ကိုရီးယားစစ်သားသုံးဦးဟာ အခြားစစ်သည်တွေနှင့်အတူ Baekdusan တောင်မှာလေ့ကျင့်ရေး ဆင်းခဲ့ကြပါတယ်။

အဲ့လိုလေ့ကျင့်ရေးစဆင်းစဉ်မှာ သူတို့နှစ်ဦးဟာ BTS ရဲ့သီချင်းဖြစ်တဲ့” Blood Sweat & Tears “ကိုကခဲ့ပါတယ်။ ဒီကိစ္စနှင့်ပက်သက်ပြီးတော့ မြောက်ကိုရီးယားရဲ့ Defense Security Agency ကတော့ ” ဒီစစ်သားသုံးဦးဟာ တော်တော်လေးကို မိုက်မဲတဲ့အတွေးအခေါ်ရှိနေတဲ့ စစ်သားတွေ” ဆိုပြီး ပြောခဲ့ပါတယ်။

ထိုကိစ္စကိုလည်း အထက်ကိုတင်ပြမယ်ဖြစ်ပြီး အခုလို BTS သီချင်းကိုကခဲ့တဲ့ စစ်သားသုံးဦးကို အပြစ်ပေးမှာပါ။ တော်တော်လေးကို ကြီးလေးတဲ့ အပြစ်ပေးမှုကို ခံရဲ့မယ့်ပုံပါပဲ။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားရဲ့ အနုပညာလွှမ်းမိုးမှုကို အခုချိန်အထိ လုံးဝလက်မခံသေးပါဘူး။

အခုလို တောင်ကိုရီးယားရဲ့ အောင်မြင်နေတဲ့ Boy Group တစ်ဖွဲ့၏ သီချင်းကို မြောက်ကိုရီးယား စစ်သားတွေအနေနှင့်ကလိုက်မိတဲ့အတွက် ပြသနာကတော်တော်လေး ကြီးခဲ့တဲ့ပုံပါပဲ။

အပြစ်ပေးခံရမယ့် စစ်သားသုံးဦးအတွက်လည်း ပရိတ်သတ်တွေကလည်း စိတ်ပူပေးနေကြပါတယ်။ ပရိတ်သတ်ကြီးရော ဒီကိစ္စနှင့် ပက်သက်ပြီး ဘယ်လိုမြင်မိပါသလဲ။ မိမိရဲ့ အမြင်ကိုလည်း ပြောပြပေးခဲ့ပါဦး။

Source: SBS star
Written: Phoo Phoo

Share