Categories: Celebrity News

လက်တွေ့မှာပါ အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတဲ့ Kim Soo Hyun နှင့် Kang Ki Doong

tvN မှထုတ်လွှင့် ခဲ့တဲ့ It’s Okay To Not Be Okay ဇာတ်လမ်းတွဲမှာ Kim Soo Hyun ရဲ့အချစ်ဆုံး သူငယ်ချင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kang Ki Doong ဟာသူနှင့် Kim Soo Hyun ကြားက ဆက်ဆံရေးအခြေအနေကို ပြောပြခဲ့ပါတယ်။

ဇာတ်လမ်းတွဲထဲမှာ သူငယ်ချင်းဖြစ်ခဲ့ရုံသာမက အပြင်လောကမှာပါ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြပုံကို Kang Ki Doong ကပရိတ်သတ်တွေသိအောင် မျှဝေခဲ့ပါတယ်။ Kang Ki Doong ကအစကတော့ သူဟာ Kim Soo Hyun ကဲ့သို့နာမည်ကျော်မင်းသားနှင့် အလုပ်အတူတူတွဲလုပ်ရမှာဖြစ်တော့ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်တဲ့။

တာဝန်ပိုကြီးသလိုလည်း ခံစားခဲ့ရတယ်ဆိုပြီး ရင်ဖွင့်ခဲ့ပါတယ်။ “ဒါပေမဲ့ အခုတော့ ကျွန်တော်သူ့ကို Soo Hyun လို့တောင် ခေါ်တဲ့အထိ ရင်နှီးနေပါပြီ။ သက်တူရွယ်တူတွေလည်း ဖြစ်တော့ သူငယ်ချင်းဖြစ်သွားတာ အရမ်းမြန်ပါတယ်” ဆိုပြီး သူနှင့် Kim Soo Hyun ကြားက လတ်တလောဆက်ဆံရေး အခြေအနေကို ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ Kang Ki Doong က ” Drama ထဲမှာ ကျွန်တော်တို့နှစ်ယောက်က သူငယ်ချင်းတွေအဖြစ် သရုပ်ဆောင်ရမှာဆိုတော့ Director ကလည်း ကျွန်တော်တို့ကို အမြန်ရင်နှီးစေချင်တယ်။ Soo Hyun ကတော့ ကျွန်တော်ရိုက်ကွင်းမှာခင်မိတဲ့သူတွေထဲမှာမှ အရင်းနှီးဆုံး သူငယ်ချင်းပါ။

သက်တူရွယ်တူလည်းဖြစ်တော့ အကြိုက်လည်းတူပြီး အတွေးအခေါ်လည်း တူတာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်” ဆိုပြီး Kim Soo Hyun နှင့်ရင်းနှီးခဲ့ပုံကို ပြောပြခဲ့ပါတယ်။ Kim Soo Hyun နှင့် Kang Ki Doong တို့ဟာ It’s Okay To Not Be Oaky ဇာတ်လမ်းတွဲထဲမှာ တကယ့်သူငယ်ချင်းမေတ္တာကို ပေါ်လွင်အောင်သရုပ်ဆောင် နိုင်ခဲ့ပါတယ်။

အပြင်မှာပါ ဒီလောက်ရင်းနှီးခဲ့လို့လည်း ဇာတ်လမ်းတွဲထဲမှာ ပိုပြီး chemistry ကောင်းခဲ့ပုံရပါတယ်။ Drama ရိုက်ကူးရင်း အပြင်လောကမှာပါ သူငယ်ချင်းတစ်ယောက်ရလိုက်တဲ့အတွက် Kang Ki Doong ကတော့ ဝမ်းသာနေပုံရပါတယ်။

It’s Okay To Not Be Okay ဟာလည်းအခုဆိုရင် ဇာတ်သိမ်းသွားခဲ့ပါပြီ။ အခုလိုဇာတ်လမ်းတွဲကောင်း တစ်ခုဖြစ်အောင် ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ Kang Ki Doong အပါအဝင် အခြားသရုပ်ဆောင်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share