Categories: Celebrity News

ထုတ်လွှင့်ပြသဖို့ရက် နီးကပ်လာပြီဖြစ်တဲ့ ‘Tale of the Nine Taled’ ဒရမ်မာသစ်

မမြင်တွေ့ရတာကြာတဲ့ မင်းသား Kim Bum ကိုရော Lee Dong Wook ရဲ့ ဒရမ်မာအသစ်ကိုပါ မျှော်လင့်နေတဲ့ ပရိတ်သတ်တွေအတွက်တော့ သတင်းကောင်းပါပဲ။

Lee Dong Wook, Kim Bum နဲ့ Jo Bo Ah တို့ပါဝင်မယ့် ‘Tale of the Nine Tailed’ ဆိုတဲ့ ဒရမ်မာအသစ်ကို ရိုက်ကူးဖို့အတွက် သရုပ်ဆောင်တွေအားလုံး စုဝေးပြီး ဧပြီလတည်းက ဇာတ်ညွှန်းလေ့ကျင့်နေကြပြီလို့ soompi သတင်းဌာနက ဖော်ပြထားပါတယ်။

ဇာတ်လမ်းကတော့ ကိုရီးယားရဲ့ဒဏ္ဍာရီလာ အမြီးကိုးချောင်းနဲ့ မြေခွေးလူသားအကြောင်းကို ဒီဘက်ခေတ်အနေအထားနဲ့သာ ရိုက်ကူးမှာဖြစ်ပါတယ်။

မြို့ပြမှာ သာမာန်လူတစ်ဦးလို အခြေချနေထိုင်နေတဲ့ မြေခွေးလူသား Yi Yeon (Lee Dong Wook)နဲ့ သဘာဝလွန်ဖြစ်ရပ်တွေအကြောင်း မှတ်တမ်းရုပ်သံတွေရိုက်ကူးတတ်တဲ့ PD မလေး Nam Ji Ah (Jo Bo Ah) တို့ရဲ့ကြားက အဖြစ်အပျက်တွေကို မြင်တွေ့ရမှာပါ။

လေးနှစ်အကြာမှ ဖန်သားပြင်ပေါ်ကို ပြန်လည်ရောက်ရှိလာမယ့် Kim Bum ကတော့ ရက်စက်ကြမ်းကြုတ်ပြီး ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်လာအောင်ဖန်တီးပေးမယ့် Yi Yeon ရဲ့ ညီအစ်ကို Yi Rang အဖြစ် ပါဝင်သွားမှာပါ။

အဓိကသရုပ်ဆောင် ၃ ဦးအပြင် Kim Yong Ji, Hwang Hee, Kim Jung Nan နဲ့ Ahn Kil Kang တို့ပါ အရေးပါတဲ့ဇာတ်ရုပ်တွေနဲ့ ပါဝင်အားဖြည့်သွားမှာပါ။

ထုတ်လုပ်ရေးအဖွဲ့ကတော့ ‘Tale Of The Nine Tailed’ နဲ့ပတ်သတ်ပြီး “ဒီဇာတ်လမ်းတွဲကတော့ အသစ်အဆန်းကို တောင့်တနေတဲ့ပရိတ်သတ်တွေအတွက် အိုအေစစ်လေးတစ်ခုကို ဖန်တီးပေးမှာပါ။

ကြည့်ရှုသူတွေအနေနဲ့ ရယ်လဲရယ်ရမှာဖြစ်သလို ရင်ထဲထိတဲ့ခံစားချက်ကိုလဲ ပေးစွမ်းမှာပါ” လို့ ပြောခဲ့ပါတယ်။ ဇာတ်လမ်းတွဲကိုတော့ အောက်တိုဘာလမှာ tvN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်။

Source : Soompi
Written : Dar Dar

Share