Categories: Celebrity News

နောက်လထဲမှာပဲ မင်္ဂလာပွဲကို အကျဉ်းချုံးကျင်းပသွားမယ့် Sung Joon

K drama ချစ်သူတွေကြား ပွက်လောရိုက်သွားစေတဲ့ Sung Joon ရဲ့ သတင်းတစ်ခုကိုတော့ အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်။ စစ်မှုထမ်းနေစဉ်မှာပဲ ပရိတ်သတ်ကိုအသိမပေးရသေးတဲ့ ဇနီးသည်နဲ့ သားသမီးတစ်ဦးထွန်းကားခဲ့တယ်ဆိုတဲ့ သတင်းကို ကိုယ်တိုင်အတည်ပြုပြောကြားခဲ့တာကြောင့် အားလုံးတအံ့တဩဖြစ်ခဲ့ရတာပါ။

ပြီးခဲ့တဲ့လကပဲ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားခဲ့တဲ့ Sung Joon ဟာ နောက်လထဲမှာ မင်္ဂလာပွဲမကျင်းပရသေးတဲ့ ဇနီးသည်နဲ့ မင်္ဂလာပွဲကျင်းပဖို့စီစဉ်နေတယ်လို့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ O& Entertainment ကနေ အတည်ပြုထားပါတယ်။

မင်္ဂလာပွဲကျင်းပမယ့်နေ့ရက်ကတော့ စက်တင်ဘာလ ၁၂ ရက်နေ့ဖြစ်ပြီး မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့သူငယ်ချင်းအနည်းငယ်နဲ့သာ အကျဉ်းချုံးကျင်းပသွားမှာပါတဲ့။

Sung Joon ကတော့ Hyde Jekyll, Me နဲ့ Madame Antoine ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပြီး မင်္ဂလာကိစ္စတွေပြီးသွားရင်လဲ အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ အားလုံးပြင်ဆင်ထားပြီးပြီလို့သိရပါတယ်။

Source : Soompi
Written : Dar Dar

Share